iPhone တွင် အထူးထည့်သွင်းမှုနည်းလမ်းများကို အသုံးပြုခြင်း

iPhone တွင် မတူညီသည့်နည်းလမ်းများစွာဖြင့် ဘာသာစကားများရိုက်ထည့်ရန် အထူးစာရိုက်ခလုတ်ခုံများ၊ သင့်လက်ချောင်း၊ သို့မဟုတ် ကညစ်တံတို့အား အသုံးပြု နိုင်သည်။ ဥပမာအနည်းငယ်မှာ Chinese Cangjie နှင့် Wubihua၊ Japanese Kana နှင့် Facemark တို့ဖြစ်သည်။ ဖန်သားပြင်ပေါ်တွင် တရုတ်အက္ခရာများကိုရေးရန် သင့်လက်ချောင်း သို့မဟုတ် ကညစ်ကိုလည်းသုံးနိုင်သည်။

Cangjie ခလုတ်အစိတ်အပိုင်းများမှ တရုတ်အက္ခရာများကိုဖွဲ့စည်းတည်ဆောက်ခြင်း

သင်စာရိုက်သည့်အချိန်တွင် အကြံပြုသည့် အက္ခရာများပေါ်လာသည်။

အက္ခရာတစ်ခုကိုရွေးချယ်ရန် ၎င်းကိုရိုက်ထည့်ပါ၊ သို့မဟုတ် ရွေးစရာနည်းလမ်းများ ပိုမိုမြင်နိုင်ရန် အစိတ်အပိုင်းငါးခုအထိ ဆက်ရိုက်ထည့်ပါ။

Chinese Wubihua (စုတ်ချက်) အက္ခရာများကိုဖွဲ့စည်းတည်ဆောက်ခြင်း

  1. မှန်ကန်သည့်စာရေးသားအစဉ်ဖြစ်သည့် အလျားလိုက်၊ ဒေါင်လိုက်၊ ဘယ်ဘက်ယိမ်းခြင်း၊ ညာဘက်ယိမ်းခြင်း၊ ကွေ့ဝိုက်ရေးခြင်း စသည့် စုတ်ချက် ငါးချက်အထိအသုံးပြု၍ တရုတ်အက္ခရာများတည်ဆောက်ရန် ၎င်း ခလုတ်ခုံအငယ်စားကို အသုံးပြုခြင်း။

    ဥပမာ၊ တရုတ်အက္ခရာ (အဝိုင်း) ဒေါင်လိုက်ဆွဲချက်ဖြင့် စတင်သင့်သည်

  2. အောက်ပါတို့မှနှစ်သက်ရာကိုလုပ်ဆောင်နိုင်သည်၊

    • သင်စာရိုက်သည့်အခါတွင် အကြံပြုထားသည့် တရုတ်အက္ခရာများပေါ်လာသည်။ (အများဆုံးအသုံးပြုသည့်အက္ခရာများပထမဆုံးပေါ်လာသည်) ၎င်းကိုရွေးချယ်ရန်အက္ခရာတစ်ခုကိုနှိပ်ပါ။

    • မှန်ကန်သည့်စုတ်ချက်ဟုတ်မဟုတ် မသေချာလျှင် ခရေပွင့်သင်္ကေတ (*) ကို ထည့်ပေးပါ။ အက္ခရာရွေးစရာနည်းလမ်းများပိုမိုမြင်တွေ့စေရန် နောက်ထပ်စုတ်ချက်ကို ရိုက်ပါ သို့မဟုတ် ၎င်းအက္ခရာစာရင်းတစ်လျှောက် ဆွဲချပါ။

    • သင်စာရိုက်ခဲ့သည်နှင့်အတိအကျကိုက်ညီသည့် အက္ခရာများကို ပြရန် (匹配) ကိုက်ညီခလုတ်ကို နှိပ်ပါ။

တရုတ်အက္ခရာများကိုရေးခြင်း

ထည့်သွင်းထားသည့် ရှင်းလင်းလွယ်ကူသော သို့မဟုတ် ရိုးရာတရုတ်လက်ရေးကို ဖွင့်ထားသည့်အခါ သင့်လက်ချောင်းဖြင့် တရုတ်အက္ခရာများကို ဖန်သားပြင်ပေါ် တိုက်ရိုက်ရေးပါ။ (Settings  > General > Keyboard > Keyboards > Add New Keyboard သို့သွားပါ)။

အက္ခရာစဉ်များရေးထည့်ချိန်တွင် iPhone က ၎င်းတို့ကိုအသိအမှတ်ပြုပြီး လက်ရေးဧရိယာအပေါ်တွင် ကိုက်ညီသည့်အက္ခရာများနှင့် ခန့်မှန်းချက်များကိုဖော်ပြသည်။ လက်ရေးဧရိယာကိုကျယ်စေရန် အကြံပြုချက်များအပေါ်ရှိ လက်ကိုင်ကိုဆွဲရွှေ့ပါ။ ၎င်းကိုအသုံးပြုရန် အကြံပြုချက်တစ်ခုကိုနှိပ်ပါ။

ဖန်သားပြင်၏အောက်ဘက်တစ်ခြမ်းအတွင်း ထိတွေ့မျက်နှာပြင်ပွင့်နေသည်ကို The Notes အက်ပ်ကဖော်ပြသည်။ ထိတွေ့မျက်နှာပြင်အတွင်းတွင် လက်ရေးဖြင့်ဆွဲထားသော Simplified Chinese အက္ခရာ ရှိသည်။ အကြံပြုထားသည့် အက္ခရာများသည် အထက်တွင်သာရှိ၍ ထိပ်ဘက်တွင်ရွေးချယ်ထားသည့် အက္ခရာကိုပြထားသည်

Japanese kana ကိုရိုက်ခြင်း

အသံထွက်များကိုရွေးချယ်ရန် Kana ခလုတ်ခုံကိုသုံးပါ။

အသံထွက်ရွေးစရာနည်းလမ်းများ ပိုမိုရရှိရန်အတွက် စာရင်းကို ဘယ်ဘက်သို့ ပိတ်ဆွဲပါ သို့မဟုတ် မြားခလုတ်ကို နှိပ်ပါ။

Japanese romaji စာရိုက်ခြင်း

  1. အသံထွက်များကိုစာရိုက်ရန် Romaji စာရိုက်ခလုတ်ကိုသုံးခြင်း။

    အလှည့်ကျရွေးချယ်မှုများသည် စာရိုက်ခလုတ်ခုံထိပ် တစ်လျှောက်တွင်ပေါ်လာသည်။

  2. ၎င်းကိုစာရိုက်ရန် အသံထွက်ကိုနှိပ်ပါ။

    အသံထွက်ရွေးစရာနည်းလမ်းများ ပိုမိုရရှိရန်အတွက် မြားခလုတ်ကိုနှိပ်၍ window မှ အခြားအသံထွက် သို့မဟုတ် စာလုံးကိုရွေးချယ်ပါ။

facemarks သို့မဟုတ် emoticons ကိုရိုက်ခြင်း

အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • Japanese Kana စာရိုက်ခလုတ်ခုံကိုသုံးခြင်း၊ facemarks ခလုတ် ကိုနှိပ်ပါ။

  • Japanese Romaji စာရိုက်ခလုတ်ခုံကိုသုံးခြင်း၊ numbers ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် facemarks ခလုတ် ကိုနှိပ်ပါ။

  • Chinese (Simplified) Pinyin သို့မဟုတ် (Traditional) Zhuyin သို့မဟုတ် Pinyin စာရိုက်ခလုတ်ခုံကိုသုံးခြင်း၊ numbers ခလုတ်ကိုနှိပ်ပါ၊ symbols ခလုတ် ကိုနှိပ်ပါ၊ ထို့နောက်facemarks ခလုတ် ကိုနှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.