ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Siri ကို သင့်အကြောင်းပြောပြခြင်း

—သင်၏အိမ်နှင့် အလုပ်လိပ်စာများအပြင် သင်၏ပတ်သက်ဆက်နွယ်မှုတို့အပါအဝင်—ကိုယ်ပိုင်အတွေ့အကြုံနောက်တစ်ခုအတွက် Siri ကိုအချက်အလက်ပေးနိုင်သောကြောင့် “Give me driving directions home” နှင့် “FaceTime mom”ကဲ့သို့သောအရာများကိုပြောနိုင်သည်။

သင်မည်သူဖြစ်ကြောင်းကို Siri ကိုပြောပြခြင်း

  1. Contacts ကိုဖွင့်ကာ မိမိ၏ဆက်သွယ်ရန်အချက်အလက်များကို ဖြည့်စွက်ပါ

  2. Settings  > Siri & Search > My Information သို့သွားကာ သင်၏အမည်ကို နှိပ်ပါ။

သင်၏အမည်ကို Siri ပြောတတ်စေရန်ပြောပြခြင်း

  1. Contacts ကိုဖွင့်ပါ၊ ထို့နောက် သင်၏အဆက်အသွယ်ကတ်ကို နှိပ်ပါ။

  2. Edit ကိုနှိပ်ပါ၊ အောက်သို့ရွှေ့ဆွဲချပြီး "add field" ကိုနှိပ်ပါ၊ အသံထွက်အမည်နယ်ပယ် တစ်ခုကိုရွေးချယ်ပါ၊ ထို့နောက် သင်၏အမည်ကို မည်သို့ ပြောဆိုသည်ကို စာရိုက်ပါ။

Contacts ထဲရှိ အခြားမည်သည့်အဆက်အသွယ်ကတ်အတွက်မဆို အသံထွက်တစ်ခုကို ထည့်သွင်းနိုင်သည်။ iPhone တွင်ဆက်သွယ်မှုများကို ပြင်ဆင်ခြင်း ကိုကြည့်ပါ။

သင်၏ဆက်စပ်သူအကြောင်း Siri ကိုပြောပြခြင်း

ထိုကဲ့သို တစ်ခုခုပြောပါ၊ “Hey Siri, Eliza Block is my wife” သို့မဟုတ် “Hey Siri, Ashley Kamin is my mom”

သင်၏ Apple စက်များတွင်ရှိသော Siri ကို သင့်အကြောင်းအချိန်နှင့်တစ်ပြေးညီ ပြောပြပေးခြင်း

စက်တစ်ခုစီတိုင်းတွင် Settings သို့သွားပါ၊ထို့နောက် Apple ID တစ်ခုတည်းနှင့် မှတ်ပုံတင်သွင်းထားပါ

iCloud ကိုအသုံးပြုပါက သင့် Siri ချိန်ညှိမှုများသည် သက်ဆိုင်သူသာကြည့်နိုင်သည့်နည်းကိုအသုံးပြု၍ သင့် Apple စက်ပစ္စည်းများတွင် အသစ်ပြင်ဆင်ပြီးဖြစ်နေသည်။

iPhone နှင့်သင်၏အခြားစက်ပစ္စည်းများတွင် Siri တစ်ဦးချင်းသီးသန့်စီမံခြင်းကို အသစ်မဖြည့်စွက်လိုပါက iCloud ချိန်ညှိမှုများအတွင်း Siri ကိုပိတ်နိုင်သည်။ Settings > [your name] > iCloud ကိုသွားပါ၊ ထို့နောက် Siri ကို ပိတ်ပါ။

မှတ်စု Location Services ကိုသင်ဖွင့်ထားလျှင်သင်တောင်းဆိုသည့်အချိန်တွင် Siri ကိုကူညီ၍ သင့်စက်၏တည်နေရာကို Apple သို့ပို့ပေးပြီး သင်၏တောင်းဆိုမှုများသို့ ၎င်း၏တုံ့ပြန်မှုတိကျမှုကိုတိုးတက်စေသည်။ သက်ဆိုင်သည့်တုံ့ပြန်ချက်များပေးပို့ရန် Apple သည် နေရာဒေသတစ်ခုနှင့် ကိုက်ညီသည့် သင့်တည်နေရာကို ခန့်မှန်းရန် သင့်အင်တာနက်ကွန်ရက်၏ IP လိပ်စာကိုသုံးနိုင်သည်။ iPhone တွင် သင်မျှဝေသည့် တည်နေရာအချက်အလက်များကို ထိန်းချုပ်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.