ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ FaceTime အတွင်း စာရွက်စာတမ်းတစ်ခုကိုပူးပေါင်းဆောင်ရွက်ရန်

FaceTime‌ ခေါ် ဆိုမှုတစ်ခုတွင် မျှဝေထားသော စာရွက်စာတမ်းတစ်ခုကို ပူးပေါင်းဆောင်ရွက်နိုင်သည်။ ပြောလက်စ FaceTime ခေါ်ဆိုမှုတစ်ခု အတွင်း ပူးပေါင်းဆောင်ရွက်မှုကို စတင်နိုင်သည် သို့မဟုတ် စာရွက်စာတမ်းကို ဖန်တီးခဲ့သည့် အက်ပ်မှ ပူးပေါင်းဆောင်ရွက်မှုကို စတင်နိုင်သည်။

စာရွက်စာတမ်းတစ်ခုကိုပူးပေါင်းဆောင်ရွက်ရန်

  1. သင်ပူးပေါင်းဆောင်ရွက်လိုသည့် လူများနှင့် FaceTime အက်ပ် အတွင်း စကားပြောဆိုမှု စတင်ပါ။ (FaceTime ဖုန်းခေါ်ဆိုခြင်းကိုကြည့်ပါ။)

  2. Share Content ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် သင်အသုံးပြုလိုသည့် အက်ပ်ကို Collaborate Together အောက်တွင် ရွေးချယ်ပါ။

    Share Content ခလုတ်ကိုမတွေ့ပါက FaceTime ထိန်းချုပ်မှုများကို ဖွင့်ရန် ဖန်သားပြင်ကို နှိပ်ပါ။

  3. စာဖိုင် ကိုဖွင့်ပါ၊ ထို့နောက် Share ခလုတ် ကိုနှိပ်ပါ။

  4. စာရွက်စာတမ်းကို FaceTime၊ AirDrop၊ Mail သို့မဟုတ် Messages ကိုအသုံးပြု၍ ခေါ်ဆိုမှုအတွင်း သင်၏ပူးပေါင်းဆောင်ရွက်သူများနှင့် မျှဝေပါ၊ ထို့နောက် Collaborate ကိုနှိပ်ပါ။

    ပူးပေါင်းဆောင်ရွက်မှု စတင်ရန် အကြောင်းကြားချက်သည် သင့်ဖန်သားပြင်ထိပ်ဆုံးတွင် ပေါ်လာသည်။

  5. Start ကိုနှိပ်၍ Collaborate ကိုနှိပ်ပါ။

    သင်၏ပူးပေါင်းဆောင်ရွက်သူများသည် သင်ပူးပေါင်းဆောင်ရွက်လိုသည့် စာရွက်စာတမ်းကို မျှဝေထားကြောင်း အကြောင်းကြားချက်ကို ရရှိသည်။ အကြောင်းကြားချက်ပေါ်ရှိ Open ကိုနှိပ်ပါ၊ စာရွက်စာတမ်းက ၎င်းတို့စက်ပစ္စည်းပေါ်တွင် ပွင့်လာမည်။

    စာရွက်စာတမ်းကို လက်ခံရရှိ၍ ဖွင့်သူတိုင်းက အပြောင်းအလဲများ ပြုလုပ်နိုင်ပြီး အခြားသူများပြုလုပ်သည့် အပြောင်းအလဲများကို မြင်တွေ့နိုင်သည်။ တစ်စုံတစ်ဦးက အပြောင်းအလဲ ပြုလုပ်သည့်အခါ ပူးပေါင်းဆောင်ရွက်သူအားလုံးသို့ အကြောင်းကြားချက် ပေးပို့သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.