ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ပေါ်တွင် FaceTime ခေါ်ဆိုမှုတစ်ခုကို အနှောင့်အယှက်အဖြစ်သတင်းပို့ခြင်း

အကယ်၍ သင်သည် မလိုချင်သည့် FaceTime ခေါ် ဆိုမှု သို့မဟုတ် Group FaceTime ခေါ် ဆိုမှု လက်ခံရရှိလျှင် ၎င်းကိုအနှောင့်အယှက်တစ်ခုအဖြစ် သတင်းပေးပို့နိုင်သည်။

တစ်ဦးတစ်ယောက်ခြင်း FaceTime ခေါ်ဆိုမှုတစ်ခုကို အနှောင့်အယှက်အဖြစ်သတင်းပို့ခြင်း

iOS 17.1 သို့မဟုတ် နောက်ပိုင်းအမျိုးအစားဖြင့်ဆိုလျှင် အလိုမရှိသည့်ခေါ် ဆိုမှုတစ်ခုကို Apple သို့ အနှောင့်အယှက်အဖြစ်အဖြစ် သတင်းပို့နိုင်သည်။ အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

  • FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုအတွင်း၊ ဖန်သားပြင်ထိပ်အပေါ်ရှိ Info ခလုတ် ကိုနှိပ်ပါ၊ Block Caller ကိုနှိပ်ပါ၊ ထို့နောက် Block and Report Junk ကိုနှိပ်ပါ။

  • သင်၏ FaceTime ခေါ်ဆိုမှုမှတ်တမ်းတွင် သို့မဟုတ် Phone အက်ပ်ရှိ Recentsစာရင်းတွင်၊ ဖုန်းခေါ်ဆိုမှုတွင် ဘယ်ဘက်သို့ ပွတ်ဆွဲပါ၊ Block ခလုတ်ကိုနှိပ်ပါ၊ ထို့နောက်Block and Report Junk ကို နှိပ်ပါ။

Group FaceTime ခေါ်ဆိုမှုတစ်ခုကို အနှောင့်အယှက်အဖြစ်သတင်းပို့ခြင်း

iOS 17.5 ဖြင့်ဆိုလျှင်၊ Group FaceTime ခေါ် ဆိုမှုတစ်ခုကို Apple သို့ အနှောင့်အယှက်အဖြစ် သတင်းပို့နိုင်သည်။

ခေါ်ဆိုနေစဉ်အတွင်း၌ ဖန်သားပြင်ထိပ်အပေါ်ရှိ Info ခလုတ် ကိုနှိပ်ပြီး Report as Junk ကိုနှိပ်ပါ။ (အကယ်၍ သင်သည် ခေါ်ဆိုမှုတွင် မပါဝင်လျှင်၊ သို့မဟုတ် Group FaceTime ခေါ် ဆိုမှုတွင် သင်၏ အဆက်အသွယ်စာရင်းထဲရှိ တစ်ယောက်ယောက်ထံမှ လာပါက ဤရွေးချယ်စရာသည် ပေါ်လာမည်မဟုတ်ပါ။)

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.