ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့် iPhone ကင်မရာဖြင့် Live Photos ရိုက်ကူးခြင်း

သင့် iPhone ဖြင့် Live Photos ရိုက်ကူးရန် Camera ကို အသုံးပြုခြင်း။ Live Photo တစ်ခုသည် သင်ဓာတ်ပုံမရိုက်မီနှင့်ရိုက်ပြီးချိန်တွင် အသံကိုပါ အားလုံးဖမ်းယူပေးထားခြင်းဖြစ်သည်။ Live Photo ကို သာမန်ဓာတ်ပုံတစ်ပုံရိုက်ကူးသကဲ့သို့ ရိုက်ကူးပါ။

Live Photo ရိုက်ရန်

  1. သင့် iPhone ရှိ Camera ကိုဖွင့်ပါ။

  2. Camera ကို Photo မုဒ် ပြုလုပ်ထားပြီး Live Photo ကိုဖွင့်ထားရမည်။

    မှတ်စု Live Photo ကို ပုံသေဖွင့်ထားသည်။ Live Photo ကိုဖွင့်ထားလိုက်သည့်အခါ ကင်မရာဖန်သားပြင်ထိပ်ရှိ Live Photo ခလုတ် ကိုသင်တွေ့ရမည်ဖြစ်သည်။

  3. Live Photo ရိုက်ကူးရန် Shutter ခလုတ်ကိုနှိပ်ပါ။

  4. Live Photo ကိုဖွင့်ရန် ဖန်သားပြင်အောက်ခြေရှိ thumbnailဓာတ်ပုံးစုစည်းမှုကိုနှိပ်ပြီးနောက် ထိုဓာတ်ပုံကိုထိ၍ထိန်းထားခြင်းဖြင့် ဖွင့်ပါ။

Live Photosများသည် ဓာတ်ပုံအက်ပ် အတွင်းရှိ ဓာတ်ပုံစုစည်းမှုဆီသို့ အလိုအလျောက် သိမ်းဆည်းသွားမည်ဖြစ်သည်။ ဗီဒီယိုရှေ့ နောက်ကျော်ခြင်းနှင့် ထပ်ကာတလဲလဲပြန်ကျော့ခြင်းကဲ့သို့သော ပြုလုပ်ချက်များကို ပေါင်းထည့်ရန် Live Photo တစ်ခုသို့ ပြုလုပ်ချက်များ ပေါင်းထည့်ခြင်းကို ကြည့်ပါ။

Live Photos ပိတ်ခြင်း

  1. သင့် iPhone ရှိ Camera ကိုဖွင့်ပါ။

  2. ကင်မရာကို Photo မုဒ်ထဲတွင် ရှိနေကြောင်း သေချာပါစေ။

  3. ကင်မရာ ဖန်သားပြင်ထိပ်ရှိ Live Photo ခလုတ် ကို နှိပ်မှသာလျှင် ထိုခလုတ်ကတစ်ဆင့် မျဥ်းစောင်းတစ်ခုပေါ်လာမှာဖြစ်သည်။

အကယ်၍ သင်သည် Live Photo တစ်ခုကို ရိုက်ထားပြီးသားဖြစ်ပြီး ပြုလုပ်ချက်ကို ပိတ်ထားချင်လျှင် Live Photo တည်းဖြတ်မှုများ ပြုလုပ်ခြင်းကိုကြည့်ပါ။

မှတ်စု ProRAW သို့မဟုတ် HEIF Max ကိုဖွင့်ထားသည့်အခါ Live Photos ကိုအသုံးပြု၍မရနိုင်ပါ။ သင့် iPhone ကင်မရာဖြင့် Apple ProRAW ဓာတ်ပုံများ ရိုက်ကူးခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.