ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် Home ဖန်သားပြင်ရှိ အက်ပ်များနှင့်အလွယ်သုံးပုံစံများကိုရွှေ့ခြင်း

သင့် Home ဖန်သားပြင် အပြင်အဆင်ကိုပြောင်းနိုင်ပြီး အခြား—အခြား Home ဖန်သားပြင် pages သို့ အက်ပ်များနှင့် အလွယ်သုံးပုံစံများကိုရွှေ့ပါ သို့မဟုတ် ပွတ်ဆွဲပါ၊ Home ဖန်သားပြင် pages ကို ယာယီဝှက်၍ အက်ပ်အသစ်များ ဒေါင်းလုတ်လုပ်ထားသည့်နေရာစသည်ကိုပြောင်းပါ။

အကြံပြုချက် သီးသန့် Focus (ဥပမာ၊ သင့်Work Focus) နှင့်ဆက်စပ်သည့် အက်ပ်များနှင့် အလွယ်သုံးပုံစံများအားလုံးကို Home ဖန်သားပြင်စာမျက်နှာတစ်ခုထဲသို့ရွှေ့နိုင်ပြီး ထို Focus သုံးနေစဉ်အတွင်း အဆိုပါစာမျက်နှာကိုသုံး၍ရနိုင်သည်။

သင့် iPhone တွင် အက်ပ်များနှင့်အလွယ်သုံးပုံစံများကိုရွှေ့ခြင်း

  1. Home ဖန်သားပြင်ပေါ်ရှိ မည်သည့်အက်ပ် သို့မဟုတ် အလွယ်သုံးပုံစံကိုမဆို ထိပြီးထိန်းထားကာ Edit Home Screen ကို နှိပ်ပါ။

    အက်ပ်စ်များသည် စတင်ဟိုရွှေ့သည်ရွှေ့ဖြစ်လာမည်။

  2. အောက်ပါနေရာများမှ တစ်နေရာသို့ အက်ပ်တစ်ခုကို ဖိဆွဲသွားပါ၊

    • စာမျက်နှာတစ်ခုတည်းရှိ တခြားတစ်နေရာသို့

    • Home ဖန်သားပြင် စာမျက်နှာနောက်တစ်ခုသို့

      ထိုအက်ပ် သို့မဟုတ် အလွယ်သုံးပုံစံကို ဖန်သားပြင်၏ ညာဘက်စွန်းသို့ ဖိဆွဲသွားပါ။ စာမျက်နှာအသစ်ပေါ်လာရန် တစ်စက္ကန့်မျှစောင့်ဆိုင်းရန်လိုအပ်ပါသည်။ Dock အထက်ရှိ အစက်လေးများသည် pages အရေအတွက်နှင့် လက်ရှိရောက်နေသည့် စာမျက်နှာကို ညွှန်ပြသည်။

      Home ဖန်သားပြင်တွင် မြားတစ်စင်းဖြင့် တလှပ်လှပ်လှုပ်နေသော အက်ပ်စ်များသည် နောက်တစ်မျက်နှာသို့ ဖိဆွဲပြောင်းရွှေ့နေသည့် အက်ပ်တစ်ခုကို ပြသည်။
  3. ရွှေ့ပြောင်းပြီးသည့်အခါ Home ကိုနှိပ်ပါ (Home ခလုတ်ပါသည့် iPhone တစ်လုံးတွင်) သို့မဟုတ် Done ကိုနှိပ်ပါ (အခြား iPhone အမျိုးအစားများတွင်)။

Home ဖန်သားပြင်နှင့် အက်ပ်များကို မူလအနေအထားသို့ ပြန်ပြောင်းခြင်း

  1. Settings  > General > Transfer သို့မဟုတ် Reset iPhone သို့သွားပါ။

  2. Reset ကိုနှိပ်ပါ၊ Reset Home Screen Layout ကိုနှိပ်ပါ၊ ထို့နောက် Reset Home Screen ကိုနှိပ်ပါ။

    သင်ဖန်တီးထားသည့် ဖိုင်တွဲဟူသမျှကိုဖယ်ရှားပြီးနောက် iPhone တွင် မူလပါရှိသည့် အက်ပ်များနောက်တွင် ဒေါင်းလုတ်လုပ်ထားသော အက်ပ်များကို အက္ခရာလိုက်စဉ်ပေးသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.