ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် ဖန်သားပြင်အလှည့်အပြောင်းအား ပြောင်းလဲခြင်း သို့မဟုတ် ပိတ်ထားခြင်း

သင့် iPhone ကို လှည့်လိုက်သည့်အခါ အက်ပ်စ်များကို သင် အမြင်တစ်မျိုးဖြင့် မြင်ရမည်။

iPhone နောက်ခံတွင်မူ နေ့တစ်နေ့၏ပွဲစဉ်များအား ဒေါင်လိုက်ပုံစံဖော်ပြထားသည့် Calendar ဖန်သားပြင်တစ်ခု ပြသထားသည်၊ ရှေ့မျက်နှာစာတွင်မူ iPhone သည် အလျားလိုက်ပုံစံပြောင်းထားပြီး အဆိုပါနေ့အပါအဝင် တစ်ပတ်လုံးစာ ပွဲစဉ်များကို ဖော်ပြထားသည့် Calendar ကို ပြသထားသည်။

ဖန်သားပြင်အလှည့်အပြောင်းအား ပိတ်ထားခြင်း သို့မဟုတ် ဖွင့်ထားခြင်း

iPhone အား သည်လှည့်လိုက်သည့်အချိန်တွင် အပြောင်းအလဲတစ်စုံတစ်ရာ မရှိစေရန် ဖန်သားပြင်အလှည့်အပြောင်းအား သင်ပိတ်ထားနိုင်သည်။

Control Center ကိုဖွင့်ပါ၊ ထို့နောက်Lock Orientation ခလုတ်ကို နှိပ်ပါ

ဖန်သားပြင်အလှည့်အပြောင်းကို ပိတ်လိုက်သည့်အခါ၊ Lock Orientation သင်္ကေတ သည် အခြေအနေပြဘားတွင် ပေါ်လာမည်(ထောက်ပံ့ထားသောမော်ဒယ်များတွင်)။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.