ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

သင့်မိသားစုနှင့်အတူ လုပ်ဆောင်ချက်များကိုမျှဝေခြင်း

သင်နှင့် သင့်မိသားစုများ ဝယ်ယူမှုကိုမျှဝေရန်၊ အဆက်အသွယ်မပြတ်ရှိနေစေရန် နှင့် သင့်အချက်အလက်ကိုကာကွယ်ရန်သုံးနိုင်သည့် အထူးလုပ်ဆောင်ချက်များရှိသည်။ သင့်တွင် ကလေးများရှိပါက သင့်ကလေးများ သူတို့၏ Apple စက်ပစ္စည်းများအား မည်သို့သုံးရမည်ကို စီမံရန် မိဘထိန်းချုပ်မှုများကိုလည်း ထည့်သွင်းနိုင်သည်။

Settings ရှိ Family ဖန်သားပြင်။ မိသားစုဝင်ငါးဦးကို စာရင်းသွင်းပြီးဖြစ်သည်။ ၎င်းတို့၏ နာမည်များအောက်တွင် မိသားစုထောက်ခံချက်များ ၊Subscriptions နှင့် Purchase Sharing ရွေးချယ်စရာများရှိသည်။

Family Sharing ကိုစီစဉ်ခြင်း

သင်နှင့် သင့်မိသားစုဝင်များသည် သုံးစွဲခွင့်ရှိသည့် ဝယ်ယူမှုများနှင့် စာရင်းသွင်းဝယ်ယူမှုများကို မျှဝေနိုင်ပါသည်။ လူတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်စက်ပစ္စည်းနှင့် Apple Account ကိုသုံးသော်လည်း iCloud သိမ်းဆည်းမှု၊ စာရင်းသွင်းဝယ်ယူထားခြင်းများ (Apple Music နှင့် Apple Arcade ကဲ့သို့ ဝန်ဆောင်မှုများသို့)နှင့် အခြားအကြောင်းအရာတို့ကို မျှဝေသည်။

စတင်ရန် Settings  > [your name] > Familyကိုသွားပါ။

လူများစာရင်းနှင့် မြေပုံပေါ်ရှိ ၎င်းတို့၏တည်နေရာများကိုပြပေးသည့် Find My ဖန်သားပြင်။

Find My ဖြင့် တည်နေရာများကိုမျှဝေခြင်း

သင်နှင့် သင့်မိသားစုသည် သင်၏ တည်နေရာကို မျှဝေထားသည့်အခါ ပျောက်ဆုံးနေသည့်စက်ပစ္စည်းများကို Find My အက်ပ် တွင် တည်နေရာရှာရန် အချင်းချင်းကူညီပေးနိုင်ပါသည်။ ကျောပိုးအိတ်များ သို့မဟုတ် အိမ်သော့များကဲ့သို့အရေးကြီးသည့် အမျိုးအစားကိုခြေရာခံနိုင်ရန် သင်အသုံးပြုသည့် AirTags တည်နေရာကိုလည်း သင် မျှဝေနိုင်ပါသည်။

တည်နေရာမျှဝေခြင်းကို စီမံရန် Settings  > [your name] > Family သို့သွားပါ၊ ထို့နောက် Location Sharing ကိုနှိပ်ပါ။ သင့်မိသားစုဝင်များအတွက် မျှဝေခြင်းကို ဖွင့်ခြင်း။ မိသားစုအဖွဲ့ဝင်များဖြင့် သင်၏တည်နေရာကို မျှဝေပြီးနောက် သူတို့သည် သင်၏စက်ပစ္စည်းများ၏ တည်နေရာကို Find My တွင် မြင်နိုင်ပါသည်။

Health အက်ပ်ရှိ Sharing ဖန်သားပြင်။

အရေးပေါ်အဆက်အသွယ်များကို စီမံခြင်း

သင်သည် အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကို ဆက်ပြီးနောက် သင်၏ iPhone သည် သင်၏ လက်ရှိတည်နေရာပါဝင်သည့် စာသားမက်ဆေ့ချ်တစ်စောင်ကို သင်၏ အရေးပေါ်အဆက်အသွယ်များထံသို့ အလိုအလျောက် အကြောင်းကြားပေးသွားမှာဖြစ်ပါသည်။ အကယ်၍ သင်၏တည်နေရာပြောင်းလဲသွားလျှင် သင်၏ အရေးပေါ်အဆက်အသွယ်များသည် နောက်ဆုံးသင်ရောက်နေသည့် တည်နေရာအချက်အလက်ကို ရရှိမှာဖြစ်ပါသည်။

အရေးပေါ် အဆက်အသွယ်များကို သင်၏ Medical ID တွင် သိမ်းထားပေးပါသည်။ Medical ID တစ်ခုကို စီမံရန် Health အက်ပ် ကိုဖွင့်ပါ၊ ထိပ်ညာဘက်ထောင့်ရှိ သင်၏ အကောင့်ကိုနှိပ်ပါ၊ Medical ID ကိုနှိပ်ပါ၊ ထို့နောက်Get Startedကိုနှိပ်ပါ။

Photos အက်ပ်ရှိ ဓာတ်ပုံတစ်ပုံကို ဖွင့်ထားသည်။ ဖန်သားပြင် ညာဘက်ထိပ်တွင် ဓာတ်ပုံတစ်ပုံကို Shared Library ထဲသို့ရွှေ့ရန် ရွေးချယ်စရာတစ်ခုရှိသည်။

မိသားစု ဓာတ်ပုံစုဆောင်းမှုတစ်ခုကို စတင်ခြင်း

ဓာတ်ပုံများနှင့် ဗီဒီယိုများကို အခြားမိသားစုဝင်ငါးယောက်နှင့် မျှဝေရန် iCloud Shared Photo Library ကို အသုံးပြုနိုင်သည်။ လူတိုင်းသည် ဓာတ်ပုံများကို ပေါင်းထည့်ခြင်း၊ တည်းဖြတ်ခြင်း၊ စာတန်းထိုးခြင်းနှင့် သူ့၏အမှတ်တရများ၊ အသားပေးထားသည့် ဓာတ်ပုံများနှင့် Photos widget များရှိ မျှဝေထားသောဓာတ်ပုံများကို ကြည့်နိုင်သည်။

စတင်ရန် Settings  > [your name] > iCloud > Photos ကိုသွားပါ၊ Sync this iPhone ကိုဖွင့်ပါ၊ ထို့နောက် Shared Library ကိုနှိပ်ပါ။

ပြန်ရသည့် အဆက်အသွယ်အဖြစ်ရွေးရန် နှင့် အကြံပြုထားသည့် အဆက်အသွယ်များကိုပြပေးသည့် Add Recovery Contacts ဖန်သားပြင်။

လိုရမယ်ရ

သင်သည် အကောင့်သော့ပိတ်သွားပါက သင်၏အကောင့်ကို ပြန်လည်ဝင်ရောက်ခွင့်ရစေရန် recovery contacts အဖြစ် သင်မိသားစုဝင်များနှင့် ယုံကြည်စိတ်ချရသူများကို ထည့်ထားနိုင်ပါသည်။ ထို့အပြင် သင် သေဆုံးသည့်အချိန်တွင် သင်၏အကောင့်ထဲတွင် သိမ်းထားသည့် အချက်အလက်များကို ဝင်ရောက်ခွင့်ရစေရန်အတွက် တစ်စုံတစ်ယောက်ကိုလည်း ဆက်ခံအသုံးပြုခွင့်ရှိသူအဖြစ် သတ်မှတ်ပေးထားနိုင်ပါသည်။

အဆိုပါအဆက်အသွယ်များကိုထည့်ရန် Settings  > [your name] > Sign-In & Security သို့သွားပါ၊ ထို့နောက် Recovery Contacts သို့မဟုတ် Legacy Contact ကိုနှိပ်ပါ။

ပိုမိုလေ့လာလိုပါသလား။

အစီအစဉ်များအားလုံးသည် ဒေသအားလုံးတွင် သို့မဟုတ် နိုင်ငံအားလုံးတွင် မရနိုင်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.