ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Freeform ဘုတ်ပြားတစ်ခုသို့ ပုံသဏ္ဍာန်များ၊ မျဥ်းကြောင်းများနှင့် မြားများထည့်ခြင်း

ပုံသဏ္ဍာန်များ၊ လိုင်းများနှင့် မြားများကို Freeform ဘုတ်ပြားသို့ ထည့်နိုင်သည်။

ပုံသဏ္ဍာန်များ၊ မျဥ်းကြောင်းများနှင့် မြားများကိုထည့်ခြင်းနှင့် ပုံစံချခြင်း

  1. သင့် iPhone ရှိ Freeform အက်ပ် ကိုသွားပါ။

  2. ဘုတ်ပြားတစ်ခုကိုဖွင့်ပါ၊ သို့မဟုတ် အသစ်တစ်ခုကိုစတင်ရန် New Board ခလုတ် ကိုနှိပ်ပါ။

  3. Content Hub ခလုတ်ကိုနှိပ်ပါ၊ Add Shape ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် ပုံသဏ္ဍာန်တစ်ခု သို့မဟုတ် မျဉ်းတစ်ကြောင်းကိုရွေးချယ်ပါ။

  4. ပုံသဏ္ဍာန် သို့မဟုတ် လိုင်းကို ရွေးချယ်ရန် နှိပ်ပြီး ၎င်း၏ ဖောမတ်ချကိရိယာများကိုပြပါ၊ ထို့နောက် အောက်ပါတို့မှ ကြိုက်ရာတစ်ခုခုကိုလုပ်ပါ၊

    • ဖြည့်ထားသည့် အရောင်ပြောင်းခြင်း၊ Set Fill ခလုတ် ကိုနှိပ်ပါ။

    • လိုင်းပုံစံကို ပြောင်းခြင်း၊ Set Strokeခလုတ် ကိုနှိပ်ပါ၊ ထို့နောက်ပုံသဏ္ဍာန် သို့မဟုတ် မျဥ်းကြောင်းတစ်ခုအတွက် သင်လိုချင်သောအရောင်နှင့် အလေးချိန်ကိုရွေးပါ။

      လိုင်းများကို မြားများအဖြစ်ပြောင်းရန် သို့မဟုတ် အဆုံးတွင် အခြားပုံစံများကို ထပ်ပေါင်းရန် Set Line Ends ခလုတ် ကိုနှိပ်ပါ။

      သင်သည်ချိတ်ဆက်လိုင်းတစ်ခုကို ရွေးထားသည်ဆိုပါက ၎င်း၏ပုံစံအားအဖြောင့်၊ ထောင့်ချိုး၊ သို့မဟုတ်အကွေးပုံစံသို့ပြောင်းရန် Set Connection Lineခလုတ် ကိုနှိပ်ပါ။

    • ပုံသဏ္ဍာန်အမျိုးအစားပြောင်းလဲခြင်း၊ အောက်ခြေရှိ ဖောမတ်ကိရိယာများထဲရှိ More ခလုတ် ကိုနှိပ်ပါ၊ Change Shape ကိုနှိပ်ပါ၊ ထို့နောက် တခြားပုံသဏ္ဍာန်တစ်ခုကိုရွေးပါ။

  5. ပြီးဆုံးပါက Done ခလုတ်ကိုနှိပ်ပါ။

သင့်ဘုတ်ပြားသို့ပုံသဏ္ဍာန်များနှင့် မျဥ်းကြောင်းများကို ဆွဲကာစုတ်ချက်များကို ချောမွေ့စေခြင်း သို့မဟုတ် ဖြောင့်လိုက်ခြင်းဖြင့်လည်း ထည့်နိုင်ပါသည်။ Freeform ဘုတ်ပြားတစ်ခုတွင် ပုံဆွဲခြင်း သို့မဟုတ် လက်ရေးဖြင့် ရေးခြင်း ကိုကြည့်ပါ။

မှတ်စု ခလုတ်တစ်ခု၏အရောင်သည် ၎င်း၏လက်ရှိအခြေအနေကို ထင်ဟပ်ဖော်ပြနိုင်သည်။

ပုံသဏ္ဍာန်များကို ပိုင်းခြားခြင်းနှင့် ပေါင်းစပ်ခြင်း

Freeform ဘုတ်ပြားထဲသို့ အစိတ်အပိုင်းမျိုးစုံပါ ပုံသဏ္ဍာန်များထည့်လိုပါက ၎င်းတို့ကိုအစိတ်အပိုင်းများခွဲခြားကာ တစ်ပိုင်းချင်းစီအား သီးသန့်ပြင်ဆင်နိုင်သည်။ ဥပမာအားဖြင့် သင်သည် United States ၏ မြေပုံ (Places အခန်းကဏ္ဍတွင်) ကို အပိုင်းခွဲထုတ်နိုင်ပြီး ပြည်နယ်တစ်ခုစီကို အရောင်ပြောင်းနိုင်သည်။ အခြား ပုံသဏ္ဍာန်များမှ ပုံသဏ္ဍာန်များကို ထုတ်ယူနိုင်သည် သို့မဟုတ် ပုံသဏ္ဍာန်နှစ်ခုကြားရှိ ထပ်နေသည့်နေရာများကို ဖယ်ခြင်းများလည်း ပြုလုပ်နိုင်သည် သို့မဟုတ် ပုံသဏ္ဍာန်တစ်ခုကို အခြားတစ်ခုနှင့်ပေါင်း၍ ပုံသဏ္ဍာန်အသစ်တစ်ခုကို ဖန်တီးပါ။

သင့် Freeform ဘုတ်ပြားသို့ပုံသဏ္ဍာန်များထည့်ပြီးပါက အောက်ပါတို့အနက်မှ တစ်ခုကိုပြုလုပ်ပါ၊

  • အစိတ်အပိုင်းမျိုးစုံပါ ပုံသဏ္ဍာန်တစ်ခုအား ခွဲခြမ်းစိတ်ဖြာခြင်း၊ အောက်ခြေရှိ ဖောမတ်ကိရိယာများထဲရှိ More ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Break Apart ကိုနှိပ်ပါ။

  • ပုံသဏ္ဍာန်များကို ပေါင်းခြင်း၊ အမျိုးအစားများစွာကို ရွေးချယ်ပါArrange ခလုတ်ကိုနှိပ်ပါ၊ ထို့နောက် Combine Shapes အောက်တွင် ပေါင်းရန်၊ ကန့်လန့်ဖြတ်တင်ရန်၊ ဖယ်ထုတ်ရန် သို့မဟုတ် ချန်လှပ်ထားရန် ရွေးချယ်စရာတစ်ခုကို နှိပ်နိုင်သည်။

အရွယ်အစား၊ အကျယ်၊ သို့မဟုတ် အရှည်ကိုပြောင်းလဲခြင်း

Freeform ဘုတ်ပြားတစ်ခုကို ပုံသဏ္ဍာန် သို့မဟုတ် လိုင်းတစ်ခု ထည့်ပြီးနောက်၊ ၎င်း၏အတိုင်းအတာများကို ပြောင်းလဲနိုင်သည် သို့မဟုတ် လိုင်းများချိတ်ဆက်ပုံကို ပြောင်းလဲနိုင်သည်။

ပုံသဏ္ဍာန်တစ်ခု သို့မဟုတ် လိုင်းတ်စခုကိုရွေးချယ်ရန်နှိပ်ပါ၊ ထို့နောက်အစက်တစ်ခုကိုဆွဲပါ။

  • ပုံသဏ္ဍာန်များ၊ ပုံသဏ္ဍာန်၏ အရွယ်အစား သို့မဟုတ် အချိုးအစားကိုပြောင်းရန် အပြာရောင်အစက်ကို ဖိဆွဲပါ။ ၎င်း၏ အနားအရေအတွက်ကဲ့သို့ ၎င်းပုံသဏ္ဍာန်နှင့်သက်ဆိုင်သော ပုံပန်းသွင်ပြင်များကိုပြောင်းလဲရန် အစိမ်းရောင်အစက်များကို ဖိဆွဲပါ။

  • ချိတ်ဆက်မျဥ်းများ၊ ဆုံးမှတ်တစ်ခုကို ပြောင်းရန် အပြာရောင်အစက်တစ်ခုကို ဆွဲပါ။ ကွေးမှုကိုချိန်ညှိရန် အစိမ်းရောင်အစက်ကိုဆွဲပါ။ ၎င်းသည် ပုံကြမ်းတစ်စိတ်တစ်ပိုင်းဖြစ်ပါက ချိတ်ဆက်အမှတ်များကို ပြောင်းလဲခြင်းကိုကြည့်ပါ။

ပုံသဏ္ဍာန်၊ အဝန်းအဝိုက်မျဥ်းများ ပြောင်းလဲခြင်းအတွက် အပြာနှင့် အစိမ်းအစက်များပါသည့် Freeform ဘုတ်ပြားတစ်ခုပေါ်မှ ချိတ်ဆက်လိုင်းတစ်ကြောင်း။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.