ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ App Store တွင် အက်ပ်များကို ရယူခြင်း

App Store အက်ပ်တွင် အက်ပ်အသစ်များ၊ အသားပေးဖော်ပြထားသော သတင်းများ၊ အကြံပြုချက်များနှင့် သုံးစွဲပုံများနှင့် အက်ပ်တွင်းရှိ ပွဲစဥ်များနှင့် ကမ်းလှမ်းချက်များကို ရှာဖွေနိုင်သည်။

App Store ထဲရှိ အက်ပ်တစ်ခုအတွက် အချက်အလက်စာမျက်နှာ။ ထိုစာမျက်နှာတွင် Get ခလုတ်၊ အဆင့်သတ်မှတ်ချက်များ၊ အသက်အရွယ်သတ်မှတ်ချက်များ၊ ဆော့ဝဲရေးသားသူ၊ ဖန်သားပြင်ပုံရိုက်ကူးမှုများအစရှိသည်တို့ကို ပြသထားပါသည်။ ဖန်သားပြင်အောက်ခြေတွင် ဘယ်မှညာအထိ ခလုတ်များမှာ အောက်ပါတို့ဖြစ်သည်၊ Today၊ Games၊ Apps၊ Arcade နှင့် Search။

မှတ်စု App Store ကိုအသုံးပြုရန်အတွက် အင်တာနက်ချိတ်ဆက်မှုတစ်ခုနှင့် Apple Account တစ်ခုကို လိုအပ်ပါသည်။ App Store နှင့် Apple Arcade တို့ကို ရရှိနိုင်ခြင်းရှိမရှိသည် နိုင်ငံ သို့မဟုတ် ဒေသ အလိုက် ကွာခြားပါသည်။ Apple အထောက်အကူပြုဆောင်းပါးရှိ Apple Media Services ရရှိနိုင်မှုကိုကြည့်ပါ။

အက်ပ်များကို ရှာဖွေခြင်းနှင့် တွေ့ရှိခြင်း

  1. သင့် iPhone ရှိ App Store အက်ပ် ကိုသွားပါ။

  2. အောက်ပါတို့မှတစ်ခုခုကိုနှိပ်ပါ၊

    • ယနေ့၊ အသားပေးဖော်ပြထားသည့် သတင်းများ၊ အက်ပ်များနှင့် အက်ပ်အတွင်းပွဲများကိုရှာဖွေခြင်း။

    • ဂိမ်းများ၊ အတိုက်အခိုက်၊စွန့်စားခြင်း၊ အပြေးပြိုင်ပွဲ၊ ပဟေဠိနှင့် အစရှိသည်တို့ ပါဝင်သည့်အမျိုးအစား တစ်ဒါဇင်ကျော်ပါရှိသည့် နောက်ထပ်ဂိမ်းများကိုရှာပါ။

    • အက်ပ်များ၊ ထုတ်ပြန်ချက်အသစ်များကို လေ့လာပါ၊ ထိပ်ဆုံးရှိ ဇယားများကိုကြည့်ပါ သို့မဟုတ် အမျိုးအစားလိုက် ရှာဖွေပါ။

    • ဂိမ်းများစာရင်းပေးသွင်းနိုင်သည့်ဝန်ဆောင်မှု၊ ကြော်ငြာမပါဘဲ သို့မဟုတ် အက်ပ်အတွင်းဝယ်ယူမှုမရှိဘဲ( အသင်းဝင်ကြေးလိုအပ်သည်) Apple Arcade မှ ရွေးချယ်ထားသည့် ပရီမီယံဂိမ်းစုစည်းမှုကို ခံစားကြည့်ပါ။

    • Search၊ Search ခလုတ်ကိုနှိပ်ပါ၊ ထို့နောက်သင်ရှာနေသည့်အရာကို ရိုက်ထည့်ပါ။ အက်ပ်နာမည်၊ အမျိုးအစားကဏ္ဍ၊ ဆော့ဝဲရေးသားသူအစရှိသည်တို့ဖြင့်လည်း ရှာဖွေနိုင်ပါသည်။ မတူညီသည့် အမျိုးအစားများကို ရှာဖွေခြင်း သို့မဟုတ် အကြံပြုထားသည့် အက်ပ်များကို ရှာဖွေနိုင်သည်။

အက်ပ်တစ်ခုအကြောင်း အချက်အလက်ရယူခြင်း

  1. သင့် iPhone ရှိ App Store အက်ပ် ကိုသွားပါ။

  2. အောက်ပါအသေးစိတ်အချက်များကိုကြည့်ရန် အက်ပ်တစ်ခု၏နာမည် သို့မဟုတ် သင်္တေကကိုနှိပ်ပါ၊

    • ဖန်သားပြင်ပုံရိပ်များ သို့မဟုတ် ကြိုတင်ကြည့်ရှုမှုများ

    • အဆင့်သတ်မှတ်ချက်များနှင့် ပြန်လည်သုံးသပ်ချက်များ

    • အက်ပ်အတွင်းပွဲစဥ်များနှင့် ကမ်းလှမ်းချက်များ

    • ဆော့ဝဲရေးသားသူ

    • ဖိုင်အရွယ်အစား

    • အခြား Apple စက်ပစ္စည်းများနှင့် တွဲဖက်သုံးနိုင်ခြင်း

    • ထောက်ပံ့ပေးထားသော ဘာသာစကားများ

    • အသက်အရွယ်အဆင့်သတ်မှတ်ချက်

    • Game Center နှင့် မိသားစုမျှဝေမှုထောက်ပံ့မှု

    • အထောက်အကူပြုထားသော အလွယ်သုံးအင်္ဂါရပ်များ

    • သီးသန့်လုံခြုံရေး သတင်းအချက်အလက်

အက်ပ်တစ်ခုကို ဝယ်ယူခြင်း ဒေါင်းလုတ်လုပ်ခြင်း

  1. သင့် iPhone ရှိ App Store အက်ပ် ကိုသွားပါ။

  2. သင်လိုချင်သည့် အက်ပ်သို့သွားပါ၊ ထို့နောက် Get (အက်ပ်သည် အခမဲ့ဖြစ်ပါက) သို့မဟုတ် ဈေးနှုန်းကိုနှိပ်ပါ။

    Get သို့မဟုတ် ဈေးနှုန်းအစား Redownload ခလုတ်ကို တွေ့ပါက သင်သည် ထိုအက်ပ်ကို ယခင်က ဝယ်ထားပြီးဖြစ်သည်။ ၎င်းကို ထပ်မံ၍ အခမဲ့ ဒေါင်းလုတ်လုပ်ရန် Redownload ခလုတ် ကိုနှိပ်ပါ။

  3. လိုအပ်ပါက သင်၏ဝယ်ယူမှုပြီးမြောက်စေရန်အတွက် Face ID၊ Touch ID သို့မဟုတ် သင်၏ လျှို့ဝှက်ကုဒ်တို့ဖြင့် အထောက်အထားပြပါ။

    ဝယ်ယူမှုများကို သင်၏ Apple Account နှင့်ချိတ်ဆက်ထားသော ပေးချေမှုစနစ် ဖြင့် ပြုလုပ်ထားသည်။

App Library တွင် Recently Added အမျိုးအစားကဏ္ဍတွင် ထိုအက်ပ်ကို ရှာဖွေနိုင်သည်။ ယင်းအက်ပ်ကို ဒေါင်းလုတ်လုပ်နေလျှင် လုပ်ဆောင်နေဆဲပြအညွန်းတစ်ခု အက်ပ်သင်္ကေတပေါ်တွင် ပေါ်နေမည်။ App Library တွင် သင်၏အက်ပ်များကိုရှာဖွေခြင်းနှင့် အသုံးပြုခြင်း နှင့် အက်ပ်အသစ်များ ဒေါင်းလုတ်ရယူသည့်နေရာပြောင်းလဲခြင်းကို ကြည့်ပါ။

Family Sharing ဖြင့် ဝယ်ယူမှုများကို မျှဝေခြင်းနှင့်အတည်ပြုခြင်း

သင်သည် Family Sharing အဖွဲ့တစ်ခုထဲတွင်ရှိနေပါက၊ တခြားမိသားစုဝင်များဝယ်ယူထားသည့် သုံးစွဲခွင့်ရှိသည့်အက်ပ်များကိုလည်း သင်ကြည့်ရှုနိုင်ပြီး ဒေါင်းလုတ်ရယူနိုင်သည်။

မှတ်စု မိသားစုဝင်များဝယ်ယူထားမှုများအား သူတို့မျှဝေထားမှသာလျှင် သင့်အနေဖြင့် ယင်းဝယ်ယူမှုများအား ကြည့်ရှုနိုင်သည်။ မိသားစုဝင်တစ်ဦးတစ်ယောက်သည် ၄င်းအဖွဲ့မှ ထွက်သွားပြီးပါက Family Sharing ဖြင့် ဝယ်ယူထားမှုများကို ဝင်ရောက်ကြည့်ရှုခွင့် ရတော့မည်မဟုတ်ချေ။

မိသားစုစီစဉ်သူသည် သတ်မှတ်အသက်အရွယ်တစ်ခုထက်ငယ်သော အခြားမိသားစုဝင်များမှ သုံးစွဲခွင့်ရှိသည့် ဝယ်ယူထားသည်များအား ပြန်လည်ကြည့်ရှုနိုင်ပြီး အတည်ပြုပေးနိုင်သည်။ ကလေးတစ်ဦးအတွက် Ask to Buy ကိုဖွင့်ခြင်း ကိုကြည့်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.