ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

Magic Keyboard ကို iPhoneနှင့်ချိတ်ဆက်ခြင်း

သင့် iPhone တွင် စာသားထည့်သွင်းရန် Numeric Keypad ပါသည့် Magic Keyboard အပါအဝင် Magic Keyboard ကို အသုံးပြုနိုင်သည်။ Magic Keyboard သည် Bluetooth® ကိုအသုံးပြု၍ iPhone ချိတ်ဆက်နိုင်သည်။

Magic Keyboard ချိတ်ဆက်ခြင်း

  1. စာရိုက်ခလုတ်ခုံကို ပါဝါဖွင့်ပြီး သေချာအားသွင်းထားပါ။

  2. iPhone တွင် Settings  > Bluetooth သို့သွားပါ၊ထို့နောက် Bluetooth ကိုဖွင့်ပါ။

  3. Other Devices စာရင်းတွင် ပေါ်လာသည့် အခါ စက်ပစ္စည်းကို ရွေးချယ်ပါ။

မှတ်စု အကယ်၍ Magic Keyboard အခြားစက်ပစ္စည်းနှင့် ချိတ်ထားပြီးဆိုလျှင် အဆိုပါ Magic Keyboard ကို iPhone ဖြင့်မချိတ်ဆက်ခင် အဆိုပါ စက်ပစ္စည်းနှစ်ခုကို အချိတ်အဆက်ဖြုတ်ထားပါ။ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • iPhone သို့မဟုတ် iPadတွင်၊ Bluetooth တွဲဖက်သုံးပစ္စည်းတစ်ခုကို ချိတ်ဆက်မှုဖြုတ်ခြင်း ကိုကြည့်ပါ။

  • macOS 13 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများတွင်၊ Apple menu > System Settings ကိုရွေးပါ၊ ဘေးဘက်တန်း ရှိ Bluetooth ကိုနှိပ်ပါ၊ ကိရိယာကို Control-click ပါ၊ ထို့နောက် Forget ကိုနှိပ်ပါ။

  • macOS 12.5 သို့မဟုတ် အစောပိုင်းထွက်များတွင်၊ Apple menu > System Preferences ကိုရွေးပါ၊ Bluetooth ကိုနှိပ်ပါ၊ အဆိုပါ စက်ပစ္စည်းအမည်ကို Control-click ပါ၊ ထို့နောက် Remove နှိပ်ပါ။

Magic Keyboard ကို iPhone ဖြင့် ပြန်လည်ချိတ်ဆက်ခြင်း

ခလုတ်ကို Off သို့ နှိပ်လိုက်သည့်အခါ သို့မဟုတ် စာရိုက်ခလုတ်ခုံကို ရွှေ့လိုက်သည့်အခါ သို့မဟုတ် iPhone သည် Bluetooth မိသည့် အကွာအဝေးပြင်ပ- 33 ပေ (10မီတာ) ခန့်အကွာ သို့ရောက်သွားလျှင် Magic Keyboard သည် အဆက်အသွယ်ပြတ်သွားမည်။

ပြန်လည်ချိတ်ဆက်ရန် အဆိုပါခလုတ်ကို On သို့ ပြောင်းပါ သို့မဟုတ် စာရိုက်ခလုတ်ခုံနှင့် iPhone ကို အချိတ်အဆက်မိသည့် အကွာအဝေးတွင်း ပြန်ယူလာပြီး ကြိုက်သည့်ခလုတ်ခုံကို နှိပ်ပါ။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.