ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone တွင် သင်၏ Apple Account သို့ဝင်ရန် လုံခြုံရေးသော့များကို အသုံးပြုခြင်း

သင့် Apple Account အတွက် လုံခြုံရေးသော့များသည် ဖြားယောင်းခြင်း နှင့် လူမှုအလိမ်အညာရိုက်စား အပါအဝင် ၎င်းတို့၏ အကောင့်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှ အပိုအကာအကွယ် ရယူလိုသော လူများ (နာမည်ကြီးများ၊ သတင်းထောက်များနှင့် အစိုးရအဖွဲ့ဝင်များ ကဲ့သို့သော) အတွက် ဒီဇိုင်းထုတ်ထားသော ရွေးချယ်နိုင်သော လုံခြုံရေးလုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။

လုံခြုံရေးသော့များသည် သင်၏ iPhone ကို ချိတ်ဆက်နိုင်ပြီး သင်၏ Apple Account အကောင့်သို့ဝင်ရာတွင် သင်၏ အထောက်အထားကို အတည်ပြုရန် အသုံးပြုနိုင်သော ကြားခံ ဟာ့ဒ်ဝဲလ်အစိတ်အပိုင်းများဖြစ်သည်။ လက်ဝယ်ကိုင်ရသောသော့သည် အထောက်အထားနှစ်ရပ်အတည်ပြုချက်တွင်အသုံးပြုသည့် ပုံမှန်အားဖြင့် ဂဏန်းခြောက်လုံးအတည်ပြုကုဒ်များကို အစားထိုးသည်၊ ၎င်းသည် ဤအချက်အလက်ကို တိုက်ခိုက်သူမှ ကြားဖြတ်ခြင်း သို့မဟုတ် တောင်းဆိုခြင်းမှ ကင်းဝေးစေသည်။

လုံခြုံရေးသော့ လိုအပ်ချက်များအကြောင်း အသေးစိတ်သိရှိနိုင်ရန် Apple အထောက်အကူပြုဆောင်းပါးဖြစ်သည့် Apple Account အတွက် လုံခြုံရေးသော့များ အကြောင်း ကိုကြည့်ပါ

လုံခြုံရေးသော့များစီမံခြင်း

သင်သည် အနည်းဆုံး လုံခြုံရေးသော့နှစ်ခုကို စီမံထားရန် လိုအပ်ပြီး ၎င်းတို့ထဲမှ တစ်ခု ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း သို့မဟုတ် အခိုးခံလိုက်ရခြင်း ဖြစ်ပါက အခြားတစ်ခုကို အရန်အဖြစ် အသုံးပြုနိုင်ပါသည်။ သင်၏အကောင့်နှင့် သော့ခြောက်ခုအထိ ချိတ်ဆက်နိုင်သည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. သင်၏နာမည်ကိုနှိပ်ပါ၊ ထို့နောက် Sign-In & Security သို့သွားပါ။

  3. Two-Factor Authentication ကိုနှိပ်ပါ၊ Security Keys ကိုနှိပ်ပါ၊ Add Security Keys ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ် ရှိလမ်းညွှန်ချက်များကိုလိုက်နာပါ။

လုံခြုံရေးသော့ တစ်ခုကို အသုံးပြု၍ ကိရိယာတစ်ခု၊ ဝက်ဘ်ဆိုက်တစ်ခု သို့မဟုတ် အက်ပ်တစ်ခုကို အကောင့်ဝင်ခြင်း

  1. ပေါ်လာသာအခါ သင်၏ လုံခြုံရေးသော့ကို ထည့်ပါ (၎င်းသည် NFC သော့ ဖြစ်နေပါက သင့် iPhone ၏ ထိပ်နားတွင် ကိုင်ထားပါ သို့မဟုတ် နေရာချထားပါ)။

  2. ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

သင်၏ Apple Account စကားဝှက်ကို လုံခြုံရေးသော့ တစ်ခုဖြင့် ပြန်လည်သတ်မှတ်ခြင်း

သင်၏ Apple Account စကားဝှက်ကို မေ့သွားပါက ၎င်းကို ပြန်လည်သတ်မှတ်ရန် သင်၏အကောင့် နှင့် ချိတ်ဆက်ထားသော လုံခြုံရေးသော့ တစ်ခုကို အသုံးပြုနိုင်ပါသည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. သင်၏နာမည်ကိုနှိပ်ပါ၊ ထို့နောက် Sign-In & Security သို့သွားပါ။

    သင်၏ iPhone တွင် သင်၏ Apple Account သို့မဝင်ရသေးပါက ဝင်ရောက်ရန် ပထမဦးစွာ သင်ချိတ်ဆက်ထားသည့် လုံခြုံရေးသော့ကို အသုံးပြုပါ။

  3. Change Password ကို နှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

သင်၏ Apple Account ကိုဖွင့်ရန် လုံခြုံရေးသော့တစ်ခုကို အသုံးပြုခြင်း

သင်၏ Apple Account အကောင့်သို့ဝင်ရာတွင် ခြောက်ကြိမ်ဆက်တိုက် မအောင်မြင်ပါက သို့မဟုတ် သင်၏ iPhone သည် သံသယဖြစ်ဖွယ် လုပ်ဆောင်ချက် လက္ခဏာများကို ထောက်လှမ်းမိပါက သင်၏ Apple Account ကို သော့ခတ်ထားကြောင်း ဖန်သားပြင်ပေါ်သတိပေးချက်တစ်ခု ရရှိမည်ဖြစ်သည်။ ၎င်းကို ဖွင့်ရန် သင်၏ လုံခြုံရေးသော့ကို သုံးနိုင်သည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. သင်၏နာမည်ကိုနှိပ်ပါ၊ ထို့နောက် Sign-In & Security သို့သွားပါ။

  3. Unlock Account ကိုနှိပ်ပါ၊ ထို့နောက် သင့် Apple Account ကိုသော့ဖွင့်ရန် ဖန်သားပြင်ပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ။

  4. သင့်စကားဝှက်ကို တစ်စုံတစ်ယောက် သိသွားသောကြောင့် သင့်အကောင့် သော့ပိတ်သွားသည်ဟု သင်ထင်ပါက Change Password ကိုနှိပ်ပြီး အသစ်တစ်ခုရိုက်ထည့်ပါ။

  5. Done ကိုနှိပ်ပါ။

လုံခြုံရေးသော့များကို ဖယ်ရှားခြင်း

သင်၏ Apple Account ဖြင့် လုံခြုံရေးသော့ ခြောက်ခုထိ ချိတ်နိုင်သည်။ သင်သည် ကန့်သတ်ချက်ပြည့်သွားပြီး ထပ်တိုးသော့များကို ချိတ်ဆက်ရန် လိုအပ်ပါက သင် ချိတ်ဆက်ထားခဲ့ပြီးဖြစ်သော သော့တစ်ချောင်း သို့မဟုတ် သော့များကို ဖယ်ရှားနိုင်ပါသည်။ သင် ဖယ်ရှားခဲ့သော သော့များကိုလည်း အချိန်မရွေး ပြန်အစားထိုးနိုင်ပါသည်။

  1. သင့် iPhone တွင် Settings အက်ပ် ကိုသွားပါ။

  2. သင်၏နာမည်ကိုနှိပ်ပါ၊ ထို့နောက် Sign-In & Security သို့သွားပါ။

  3. Security Keys ကိုနှိပ်ပါ။

  4. သော့များ အားလုံးကို ဖယ်ရှားရန် Remove All Keys ကိုနှိပ်ပါ၊ ထို့နောက် Remove ကိုနှိပ်ပါ။

    သော့တစ်ခုစီကို ဖယ်ရှားရန် သင် ဖယ်ရှားလိုသော သော့ကို နှိပ်ပါ၊ ထို့နောက် Remove Key ကိုနှိပ်ပါ။

မှတ်စု ကိရိယာတစ်ခုမှ လုံခြုံရေးသော့များ အားလုံးကို ဖယ်ရှားလိုက်ပါက ၎င်းသည် အထောက်အထားနှစ်ရပ် အတည်ပြုချက် အတွက် ဂဏန်းခြောက်လုံး အတည်ပြုကုဒ်နံပါတ်များကို ပြန်လည်အသုံးပြုသွားမည်ဖြစ်သည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.