ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ရှိ Apple TV အက်ပ်တွင် ဗီဒီယိုစကြည့်ခြင်းနှင့် ဗီဒီယိုပြသမှုကို ထိန်းချုပ်ခြင်း

Apple TV တွင် TV ရှိုးများ၊ ရုပ်ရှင်များ၊ အားကစားအစရှိသည်တို့ကို သင်သည် တိုက်ရိုက်ကြည့်နိုင်သည်။ ထို့အပြင် သင်သည် ရုပ်ရှင်များနှင့် ဇာတ်လမ်းအပိုင်းဆက်များ သို့မဟုတ် TV ရှိုးတစ်ခု၏ ရာသီတစ်ခုလုံးကိုလည်း ဒေါင်းလုတ်လုပ်နိုင်ပါသည်။

အခြားရုပ်သံလိုင်းများမှ အကြောင်းအရာများသည် ၎င်းတို့၏ ဗီဒီယိုအက်ပ်တွင် ပွင့်နေမည့်အချိန်တွင် Apple TV နှင့် Apple TV ရုပ်သံလိုင်းများမှ အကြောင်းအရာများသည် Apple TV အက်ပ်တွင် ပွင့်နေမည်။ သင်ကြည့်နေသည့်အရာကို ဖွင့်ရန် သို့မဟုတ် ခေတ္တရပ်ရန်၊ နောက်သို့ရစ်ရန် သို့မဟုတ် ရှေ့သို့ရစ်ရန်အတွက် playback ခလုတ်များကို အသုံးပြုပါ။

သင်၏ မိတ်ဆွေများနှင့်အတူ SharePlay အသုံးပြု၍ ကြည့်ရှုနေပါက playback ထိန်းချုပ်မှုများကို FaceTime ခေါ်ဆိုမှုတွင်ရှိသော လူတိုင်းထံတွင် မျှဝေထားမည် ဖြစ်သည်။ Apple TV အက်ပ်တွင် SharePlay အသုံးပြုခြင်းအကြောင်းပိုမိုသိရှိရန် FaceTime တွင် အတူကြည့်ပြီးနားထောင်ရန် SharePlay ကိုသုံးခြင်းကိုကြည့်ပါ။

တီဗီအစီအစဉ်တစ်ခု သို့မဟုတ် ရုပ်ရှင်တစ်ကား ဖွင့်ခြင်း

Continue Watching အတန်း၏အပေါ်တွင်ရှိပြီး အလယ်တွင်အသားပေးဖော်ပြထားသော Apple Original တစ်ခုကိုပြသနေသည့် Home တက်ဘ်။ အောက်ခြေတွင် ဘယ်မှညာဘက်သို့ Home၊ Apple TV၊ Store၊ Library နှင့် Search တက်ဘ်များ ရှိနေသည်။
  1. သင်၏ iPhone ရှိ Apple TV အက်ပ် ကိုသွားပါ။

  2. အောက်ပါတို့မှ နှစ်သက်ရာကိုလုပ်ဆောင်ပါ၊

    • ရွေးနုတ်ဖော်ပြထားသော ပါရှိအခြင်းအရာများကို လျှောက်ကြည့်သွားရန် ဖန်သားပြင်ထိပ်တွင် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပါ၊ ထို့နောက် (ရနိုင်ခဲ့လျှင်) Play ခလုတ်ကိုနှိပ်ပါ။

    • Home ကို နှိပ်ပါ၊ ထို့နောက် ကြည့်ရှုမှုရပ်ထားခဲ့သည့်နေရာမှ တိုက်ရိုက်ပြန်စရန် Continue Watching ဗီဒီယိုတန်းရှိ ပါရှိအခြင်းအရာတစ်ခုကို နှိပ်ပါ။

    • နောက်ထပ်ဗီဒီယိုတန်းများကိုကြည့်ရန် အောက်သို့ဆွဲချပါ၊ ထို့နောက် မိမိကြည့်လိုသည့် ပါရှိအခြင်းအရာကို နှိပ်ပါ။ ယင်းပါရှိအခြင်းအရာအတွက်စာမျက်နှာ ပွင့်လာသည့်အခါ (ရနိုင်ခဲ့လျှင်) Play ခလုတ်ကိုနှိပ်ပါ သို့မဟုတ် မိမိကြည့်လိုသည့် အပိုင်းတခုခု သို့မဟုတ် ဇာတ်ကားနမူနာတခုခုကို နှိပ်ပါ။

      အကြံပြုချက် အမျိုးအစားကဏ္ဍတစ်ခုရှိ အမျိုးအစားများအားလုံးကိုကြည့်ရန် ဗီဒီယိုတန်းခေါင်းစီးတစ်ခုကို နှိပ်ပါ သို့မဟုတ် ဗီဒီယိုစုစည်းမှုတစ်ခုအကြောင်း နောက်ထပ်သတင်းအချက်အလက်ကို ကြည့်ပါ။

အကြောင်းအရာကို ဒေါင်းလုတ်လုပ်ခြင်း

Apple Original ၏ အပိုင်းများပါသည့် စာရင်းတစ်ခုကိုပြသထားသည့် Apple TV တက်ဘ်။ ရာသီတစ်ခုလုံးကို ဒေါင်းလုတ်လုပ်ရန် ခလုတ်များနှင့် အပိုင်းတစ်ခုချင်းစီသည် ဖန်သားပြင်၏ ညာဘက်အခြမ်းတွင်ပေါ်သည်။

Apple TV တွင် TV ရှိုးတစ်ခု၏ အပိုင်းများနှင့် ရုပ်ရှင်များကိုလည်း ဒေါင်းလုတ်လုပ်နိုင်ပါသည်။ TV ရှိုးတစ်ခု၏ ရာသီတစ်ခုလုံးကို သင် ဒေါင်းလုတ်လုပ်နိုင်ပါသည်။

  1. သင်၏ iPhone ရှိ Apple TV အက်ပ် ကိုသွားပါ။

  2. ၄င်း၏အသေးစိတ်အချက်အလက်များကိုကြည့်ရန် အမျိုးအစားတစ်ခုကိုနှိပ်ပါ။

  3. အောက်ပါတို့အနက်မှ နှစ်သက်ရာတစ်ခုကိုလုပ်ဆောင်ပါ၊ (ခေါင်းစဉ်အားလုံးအတွက် နည်းလမ်းများအားလုံးမရနိုင်ပါ)၊

    • ရုပ်ရှင်များကို ဒေါင်းလုတ်လုပ်ခြင်း၊ ညာဘက်ထိပ်ထောင့်ရှိ Download ခလုတ် ကိုနှိပ်ပါ။

    • TV ရှိုးတစ်ခု၏ အပိုင်းတစ်ပိုင်းကိုဒေါင်းလုတ်လုပ်ခြင်း၊ ညာဘက်ထိပ်ထောင့်ရှိ Download ခလုတ် ကိုနှိပ်ပါ၊ ရာသီတစ်ခုကိုနှိပ်ပါ၊ ထို့နောက် သင်ဒေါင်းလုတ်လုပ်လိုသည့် အပိုင်းဘေးရှိ Download ခလုတ် ကိုနှိပ်ပါ။

    • TV ရှိုးတစ်ခု၏ ရာသီတစ်ခုလုံးကို ဒေါင်းလုတ်လုပ်ခြင်း၊ ညာဘက်ထိပ်ထောင့်ရှိ Download ခလုတ် ကိုနှိပ်ပါ၊ ရာသီတစ်ခုကိုနှိပ်ပါ၊ ထို့နောက် အပိုင်းများစာရင်းအထက်ရှိ ရာသီခလုတ်ကိုနှိပ်ပါ။

သင့်စုစည်းမှုထဲတွင် ဒေါင်းလုတ်လုပ်ထားသည့်အရာကိုရှာနိုင်၍ iPhone ကိုအင်တာနက်ချိတ်ဆက်မထားသည့်အခါတွင်ပင် ၎င်းကိုကြည့်ရှုနိုင်သည်။

Playback ထိန်းချုပ်မှုများကိုသုံးခြင်း

Playback လုပ်ထားစဉ် ထိန်းချုပ်မှုများကိုပြသရန် ထိုဖန်သားပြင်ကိုနှိပ်ပါ။

ထိန်းချုပ်မှုများကို မြင်သာအောင် ပြသလျက် ဖွင့်ထားသည့် TV Show တစ်ခု။ Close၊ Picture in Picture၊ AirPlay နှင့် Share ခလုတ်များသည် ဘယ်ဘက်ထိပ်ဆုံးတွင်ရှိသည်။ အသံအတိုးအချဲ့ဆလိုက်သည် ညာဘက်ထိပ်တွင်ရှိပါသည်။ အလယ်တွင် နောက်သို့ 10 စက္ကန့်ကျော်ရန်၊ ခေတ္တရပ်ရန်နှင့် ရှေ့ သို့ 10 စက္ကန့်ကျော်ရန် ခလုတ်များရှိသည်။ အောက်ခြေအလယ်ပိုင်းတစ်လျှောက်သည် ဗီဒီယိုတည်နေရာကိုညှိရန် ပွတ်ဆွဲနိုင်သည့် ဆလိုက်ဖြစ်သည်၊ ဆလိုက်၏ဘေးတွင်လည်း ကုန်လွန်သွားသည့်အချိန်နှင့် ကျန်ရှိသည့်အချိန်ပေါ်လာမည်ဖြစ်သည်။ ညာဘက်အောက်ခြေတွင် Info၊ InSight နှင့် Continue Watching ခလုတ်များ ရှိသည်။

ထိန်းချုပ်ခြင်း

ဖော်ပြချက်

Play ခလုတ်

ဖွင့်ခြင်း

Pause ခလုတ်

ခေတ္တရပ်ခြင်း

နောက်သို့ 10 စက္ကန့်ပြန်သွားသည့် ခလုတ်

နောက်သို့ 10 စက္ကန့်ကျော်ရန် - ပြန်ရစ်ရန် ထိ၍ထိန်းထားပါ။

ရှေ့သို့ 10 စက္ကန့်သွားသည့် ခလုတ်

ရှေ့သို့ 10 စက္ကန့်ကျော်ရန် - ရှေ့သို့အမြန်ကျော်ရန်ထိ၍ထိန်းထားပါ

Playback Speed ခလုတ်

Playback ဖွင့်နှုန်းကို ပြောင်းလဲခြင်း

Audio Track ခလုတ်

အသံလမ်းကြောင်းကို ပြောင်းပြီး စကားပြောသံကို တိုးခြင်း

Legible Options ခလုတ်

စာတန်းထိုးများနှင့် အပိတ်ခေါင်းစီးများကို ပြသခြင်း

Share ခလုတ်

အပိုင်းတစ်ခု၊ ရုပ်ရှင်၊ ရုပ်ရှင်နမူနာ၊ သို့မဟုတ် အားကစားပွဲတစ်ခုကို မျှဝေခြင်း

AirPlay ခလုတ်

ဗီဒီယိုဖိုင်ကို အခြားစက်ပစ္စည်းများတွင် ပြသခြင်း

Minimize Video ခလုတ်

Picture in Picture ကိုစတင်သုံးခြင်း—အခြားအက်ပ်ကို အသုံးပြုနေစဥ် ဗီဒီယိုကို ဆက်လက်ကြည့်ရှုနိုင်သည်

Close ခလုတ်

Playback ကိုရပ်ခြင်း

အသံကို တိတ်ထားသည့်အခါ စာတန်းထိုးသည် အလိုအလျောက် ပေါ် လာသည်။ သင်သည် နောက်သို့ 10 စက္ကန့်ရစ်လျှင် စာတန်းထိုးသည် အလိုအလျောက် ပေါ်လာသည်။ subtitles ကိုပိတ်ရန် Legible Options ခလုတ်ကို နှိပ်ပါ၊ ထို့နောက် Off ကိုပိတ်ပါ။

Playback အတွင်း အသံဖိုင်ရွေးစရာများကို ပြောင်းခြင်း

  1. Playback လုပ်ထားစဉ် playback ထိန်းချုပ်မှုများကိုပြသရန် ထိုဖန်သားပြင်ကိုနှိပ်ပါ။

  2. Audio Track ခလုတ် ကိုနှိပ်ပါ၊ ထို့နောက် Enhance Dialogue ကိုနှိပ်ပါ။

  3. အောက်ပါတို့မှ တစ်ခုကိုနှိပ်ပါ၊

    • နောက်ထပ် တိုးမြှင့်ခြင်း၊ စကားပြောများကို ကြည်လင်ပြတ်သားစွာ ရောပေးခြင်း

    • တိုးမြှင့်ခြင်း၊ စကားပြောများကို ပို၍ကြည်လင်ပြတ်သားစွာ ရောပေးခြင်း

    • ပိတ်ခြင်း၊ Enhance Dialogue ကို ပိတ်ခြင်း။

အစီအစဉ်များ၊ ဇာတ်ကောင်များ၊ သရုပ်ဆောင်များ နှင့် ဂီတ အကြောင်း သတင်းအချက်အလက်ရယူခြင်း

Playback အတွင်း သင်ကြည့်နေသည့် ရုပ်ရှင်အကြောင်း သို့မဟုတ် TV ရှိုးအကြောင်း အချက်အလက်ပိုမိုရနိုင်သည် သို့မဟုတ် Continue Watching သို့ တိုက်ရိုက်သွားနိုင်သည်။

InSight နှင့်ဆိုလျှင် သင်သည် Apple TV ရုပ်ရှင် သို့မဟုတ် TV ရှိုး (Apple TV စာရင်းသွင်းမှု လိုအပ်သည်) ကို ကြည့်နေစဥ် ဖန်သားပြင်တွင် ပေါ် နေသည့် သရုပ်ဆောင်များ၊ ဇာတ်ဆောင်များနှင့် ဂီတနှင့် ပတ်သက်ပြီး တကယ့်အစစ်အမှန် အချက်အလက်များကို ရနိုင်သည်။ သရုပ်ဆောင်တစ်ဦး၏ နောက်ခံအကြောင်းအရာနှင့် သူ၏ ရုပ်ရှင်ဇာတ်လမ်းများပေ့ချ်ကို ကြည့်ရန် သူ့ကို နှိပ်ပါ၊ သို့မဟုတ် နောက်ခံသီချင်းကို အလျှင်အမြန်ကြည့်ရန်အတွက် ၎င်းကို Apple Music သီချင်းစာရင်းထဲသို့ ပေါင်းထည့်ပါ (Apple Music စာရင်းသွင်းမှု လိုအပ်သည်)။

  1. Playback လုပ်ထားစဉ် playback ထိန်းချုပ်မှုများကိုပြသရန် ထိုဖန်သားပြင်ကိုနှိပ်ပါ။

  2. အောက်ပါရွေးချယ်စရာတို့မှတစ်ခုခုကိုလုပ်ပါ၊

    • အချက်အလက်၊ သင်ကြည့်နေသည့်အကြောင်းအရာနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်ကို ကြည့်ပါ။

    • InSight၊ အချက်အလက်ပိုမိုသိရန် သရုပ်ဆောင်တစ်ဦး သို့မဟုတ် ဇာတ်ဆောင်တစ်ဦးကိုနှိပ်ပါ။ ဂီတအချက်အလက်ပေါ် လာလျှင် ၎င်းကို Music အက်ပ် ထဲရှိ သီချင်းစာရင်းတစ်ခုထဲသို့ ပေါင်းထည့်ရန် သီချင်းကို နှိပ်ပါ (Apple TV+ နှင့် Apple Music စာရင်းသွင်းမှု လိုအပ်သည်)။

    • Continue Watching၊ Continue Watching ကို တိုက်ရိုက်သွားပါ၊ ထို့နောက် စတင်ပြီး ကြည့်ရှုရန် အမျိုးအစားတစ်ခုကိုနှိပ်ပါ။

    • Live Sports၊ တိုက်ရိုက်နှင့် နောက်လာမည့်အားကစားပွဲတွေများကို ကြည့်ရှုခြင်း။

Apple TV အတွက် စာရင်းသွင်းမှုလိုအပ်ပြီး ၎င်းသည် တချို့နိုင်ငံများနှင့် ဒေသများတွင် အောက်ပါတချို့ သို့မဟုတ် အားလုံးပါဝင်ကောင်းပါဝင်နိုင်သည်၊ Friday Night Baseball၊ Major League Soccer (MLS) နှင့် Formula 1။ အစီအစဉ်များအားလုံးနှင့် ပါရှိအကြောင်းအရာအားလုံးကို ဒေသအားလုံးတွင် သို့မဟုတ် နိုင်ငံအားလုံးတွင် မရနိုင်ပါ။ Apple TV စာရင်းသွင်းခြင်းတွင် ကြားခံကုန်တံဆိပ်စာရင်းသွင်းဝန်ဆောင်မှုများ သို့မဟုတ် ငှားရမ်းနိုင်သည့် အကြောင်းအရာ သို့မဟုတ် Apple TV အက်ပ်တွင် ဝယ်ယူမှုများမပါဝင်ပါ။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.