ဤထိန်းချုပ်မှုကို ပြင်ဆင်ခြင်းဖြင့် ဤစာမျက်နှာကို အလိုအလျောက် အပ်ဒိတ်လုပ်ပေးပါမည်

iPhone ဘက်ထရီကိုအားသွင်းခြင်း

iPhone တွင်အတွင်းပိုင်း လစ်သီယံခဲအားပြန်သွင်း၍သုံးနိုင်သည့်ဘက်ထရီရှိ၍ ယင်းသည်လက်ရှိတွင် သင့်စက်ပစ္စည်းအတွက် အကောင်းဆုံးလုပ်ဆောင်ချက်ကိုပေးသည်။ ရိုးရိုးဘက်ထရီနည်းပညာနှင့်နှိုင်းယှဉ်လျှင်၊ လစ်သီယံခဲဘက်ထရီများသည်ပိုမိုပေါ့ပါးခြင်း၊ လျင်မြန်စွာအားသွင်းနိုင်ခြင်း၊ တာရှည်ခံခြင်း၊ ဘက်ထရီသက်တမ်းပိုရှိသည့် ပိုမိုမြင့်မားသည့်စွမ်းအင်သိပ်သည်းမှုတို့ရှိသည်။

သင့်ဘက်ထရီအလုပ်လုပ်ပုံကို ကောင်းကောင်းနားလည်သဘောပေါက်စေရန် Apple လစ်သီယံဘက်ထရီဝက်ဘ်ဆိုက် ကိုကြည့်ပါ။

ဘက်ထရီအားသွင်းခြင်းအကြောင်း

လျှပ်စစ်စီးနေသည့်ဘက်ထရီသင်္ကေတသည်ဘက်ထရီအားသွင်းထားသည်ကိုညွှန်ပြခြင်းဖြစ်သည်။

ညာဘက်အပေါ်ထောင့်ရှိ ဘက်ထရီသင်္ကေတသည် ဘက်ထရီပမာဏ သို့မဟုတ် အားသွင်းသည့်အခြေအနေကိုပြသည်။ သင့်အနေဖြင့် iPhone ကိုချိန်ကိုက်သည့်အခါ သို့မဟုတ် သုံးသည့်အခါ ၎င်းသည် ဘက်ထရီအားသွင်းရန် အချိန်ကြာသွားမည်ဖြစ်သည်။

iPhone တွင် အားအလွန်နည်းနေပါက ၎င်းသည်ကုန်ခန်းလုနီးပါး ဘက်ထရီပုံကိုပြကာ ၎င်းကိုအသုံးမပြုနိုင်မီ 10 မိနစ်အထက် အားသွင်းရန်လိုအပ်ကြောင်းညွှန်ပြထားခြင်းဖြစ်သည်။ iPhone ကို စတင်အားသွင်းချိန်တွင် အလွန်အကျွံအားနည်းနေပါက ဖန်သားပြင်သည် ၎င်းဘက်ထရီအားနည်းနေသည့် ပုံရိပ်မပေါ်မီ 2 မိနစ်အထိ ပြောင်ကြီးဖြစ်နေမည်။ Apple အထောက်အကူပြုဆာင်းပါးဖြစ်သည့် သင်၏ iPhone အားမဝင်ခဲ့ပါက ကိုကြည့်ပါ။

ဘက်ထရီကိုအားသွင်းခြင်း

iPhone ကိုအားသွင်းရန်၊ အောက်ပါတို့မှတစ်ခုကိုလုပ်ဆောင်ပါ၊

  • အားသွင်းကြိုး (အတူပါရှိသော) နှင့် Apple ထုတ် USB အားသွင်းကြိုး သို့မဟုတ် တခြားတွဲဖက်အသုံးပြုနိုင်သည့် အားသွင်းကြိုး (သီးသန့်ရောင်းချသည်) တို့ကိုအသုံးပြု၍ iPhone ကိုမီးပလတ်ပေါက်တစ်ခုနှင့် ချိတ်ဆက်ပါ။ အားသွင်းပလတ်ခေါင်းများကို ကြည့်ပါ။

    အားသွင်းပလတ်ခေါင်းနှင့်ချိတ်ဆက်ထားသည့် iPhone အား မီးပလတ်ပေါက်နှင့် ချိတ်ဆက်ပါ။
  • iPhone ကို MagSafe Charger အားသွင်းစက်ပေါ်တွင် ပက်လက်ချထားပါ(Apple ထုတ် 20W USB-C အားသွင်းကြိုး သို့မဟုတ် အခြားတွဲဖက်သုံးနိုင်သည့် အားသွင်းကြိုးနှင့် ချိတ်ဆက်ပါ) သို့မဟုတ် Qi အသိအမှတ်ပြု အားသွင်းစက်ပေါ်တွင်ပက်လက်ချထားပါ။ (MagSafe Charger၊ အားသွင်းပလတ်ခေါင်းများနှင့် Qi-certified အားသွင်းကိရိယာများကို သီးသန့်ရောင်းချပါသည်။) MagSafe အားသွင်းကိရိယာများနှင့် ဘက်ထရီစုများ နှင့် Qi အသိအမှတ်ပြု ကြိုးမဲ့အားသွင်းကိရိယာများကို ကြည့်ပါ။

    မှတ်စု ထို့အပြင် အသုံးပြုမည့် နိုင်ငံ၏စည်းမျဉ်းများနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာဘေးကင်းစိတ်ချရေးစံညွှန်းတို့နှင့်ကိုက်ညီသည့် ကြားခံအားသွင်းပလတ်ခေါင်းနှင့် Qi အသိအမှတ်ပြု အားသွင်းကိရိယာများကိုလည်းသုံးနိုင်သည်။ iPhone အတွက်အရေးကြီးသည့် ဘေးကင်းစိတ်ချရေးဆိုင်ရာ သတင်းအချက်အလက်များရှိ "အားသွင်းခြင်း" ကိုကြည့်ပါ။

  • အားသွင်းကြိုးကိုသုံး၍ iPhone နှင့် သင်၏ကွန်ပျူတာကို ချိတ်ဆက်ခြင်း။

    သင်၏ကွန်ပျူတာဖွင့်ထားသည်ကိုသေချာအောင်လုပ်ပါ၊ ပိတ်ထားသည့်ကွန်ပျူတာသို့ iPhone ကိုချိတ်ဆက်ထားပါက၊ ထိုဘက်ထရီသည်အားဝင်မည့်အစားအားကုန်ခန်းမည်ဖြစ်သည်။ သင်၏ iPhone အားသွင်းထားသည်ကိုသေချာစေမည့်ဘက်ထရီဘေးရှိ Charging သင်္ကေတ ကိုရှာပါ။

    မှတ်စု သင်၏ စာရိုက်ခလုတ်ခုံတွင်ပိုမိုစွမ်းအင်မြင့်အားသည့် USB port မရှိလျှင် ၎င်းစာရိုက်ခလုတ်ခုံသို့ ချိတ်ဆက်ပြီး iPhone ကိုအားသွင်းရန်မကြိုးစားပါနှင့်။

iPhone ကို မီးပလတ်ပေါက်နှင့် ချိတ်ဆက်ခြင်း သို့မဟုတ် ကြိုးမဲ့ အားသွင်းကိရိယာပေါ်တွင်ထားခြင်းဖြင့် iCloud အရန်ကူးယူမှု ကိုစတင်နိုင်သည်။ iPhone ကို အရန်ကူးယူထားခြင်း ကိုကြည့်ပါ။

သတိပေးချက် iPhone ၏အားသွင်းပေါက်ထဲ အရည်ဝင်နေသည်ဟုသံသယရှိပါက ၎င်းအတွင်းသို့ အားသွင်းကြိုးကို ပလတ်မထိုးရပါ။ အရည်နှင့်ထိတွေ့ခြင်း၊ iPhone အားသွင်းခြင်းနှင့် ဘက်ထရီနှင့် ပတ်သက်သည့် ဘေးကင်းစိတ်ချရေး သတင်းအချက်အလက်များအတွက် iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များကိုကြည့်ပါ။

အားသွင်းမှုနှုန်းကို တိုးတက်စေခြင်း

အကယ်၍ သင်၏ iPhone သည် အားသွင်းနှုန်းနှေးနေလျှင် သင်သည် Settings > Battery ထဲရှိ Slow Charger မက်ဆေ့ချ်တစ်စောင်ကို မြင်ရမှာဖြစ်ပါသည်။ သင်၏ iPhone သည် အမြန်အားသွင်းမှုစနစ်ကို ပံ့ပိုးပေးထားလျှင် မက်ဆေ့ချ်ပေါ်လာပြီး အားသွင်းကြိုးသည် ထိုသို့အားသွင်းနှုန်းကို မပံ့ပိုးပေးနိုင်လျှင် အဆိုပါ မက်ဆေ့ချ်ပေါ်လာသည်။

iPhone Battery ချိန်ညှိမှုထဲရှိ အားသွင်းမှုအချက်အလက်ဆိုင်ရာကတ်။ ထိုကတ်ထဲတွင် ဘက်ထရီအားသည် 80% ရှိပြီး "Slow Charger" သို့ ချိတ်ဆက်ထားကြောင်း ပြသထားသည်။ အားသွင်းတိုးတက်မှုပြဘာတွင် ၎င်းသည် 100% ပြည့်ရန် 52 မိနစ်ကြာမည်ဟု ခန့်မှန်းထားပါသည်။

အကယ်၍ သင်သည် အသုံးပြုနေလျှင် အားသွင်းခြင်းသည် ထင်သည်ထက်ပိုပြီး ကြာနိုင်ပါသည်၊

  • 7.5 watts သို့မဟုတ် ထို့ထက်နည်းသည့်အားကို ပံ့ပိုးပေးထားသည့် အားသွင်းကြိုး

  • Qi-certified အားသွင်းစက်ကဲ့သို့ 10 watts ထက်နည်းသည့်အားကို ပံ့ပိုးပေးထားသည့် ကြိုးမဲ့အားသွင်းစက်

အားသွင်းသည့် အပြုအမူကို နားလည်ခြင်း

iPhone ကို ဘက်ထရီကြံ့ခိုင်မှုရှိစေရန်ကူညီပေးမည့် အားသွင်းနည်းကို စီမံပေးပါသည်။ သင်အားသွင်းသည့်အခါ ထိုကဲ့သို့ဖြစ်ပါသည်၊

  • 80% အထိ အလျှင်အမြန်အားသွင်းပေးခြင်း၊ iPhone သည် ဘက်ထရီအား 80% ခန့်ရောက်သည်အထိ လျှင်မြန်စွာ အားသွင်းပေးပါသည်။

  • 80 ရာခိုင်နှုန်းပြီးနောက် မဖြစ်စေလောက်နှုန်းဖြင့် အားသွင်းခြင်း၊ ဘက်ထရီအပေါ် ဖိအားကိုလျှော့ချရန်နှင့် အပူကို ကန့်သတ်ရန်အတွက် အားကိုနှေးကွေးစွာ သွင်းခြင်း။ နောက်ဆုံးအဆင့်သည် ဘက်ထရီသက်တမ်းကို ထိန်းသိမ်းရာတွင် ကူညီပေးပါသည်။

  • အပူချိန်၊ အလွန်အမင်းအပူချိန်ရှိသည့် အခြေအနေမျိုးတွင် အားသွင်းခြင်းကို ယာယီရပ်ထားမှာဖြစ်ပြီး ဘက်ထရီ၏ အပူချိန်သည် ၎င်းမူလလုပ်ဆောင်သည့်ပမာဏအတွင်းသို့ ပြန်ရောက်လာသည့်အခါ အားသွင်းခြင်းကို ပြန်စတင်မည်။

ထိုသို့ ကာကွယ်ပေးခြင်းမျိုးသည် အလိုအလျောက်ဖြစ်လာပြီး သင်၏ချိန်ညှိမှုတွင် မည်သည့်အပြောင်းအလဲကိုမှ လုပ်ရန် မလိုအပ်ပါ။

အားသွင်းမှုကြိမ်နှုန်းများနှင့် ဘက်ထရီသက်တမ်းအကြောင်း

မည်သည့်ဘက်ထရီအမျိုးအစားမဆို၏ စွမ်းဆောင်ရည်သည် အားပြန်သွင်းသည့် သတ်မှတ်ပမာဏတစ်ခုအပြီးနောက် လျော့နည်းလာမည်။ lithium-ion ဘက်ထရီများဖြင့် အားသွင်းစက်ဝန်းတစ်ကြိမ်ပြည့်တိုင်း စွမ်းဆောင်ရည်သည် နည်းနည်းချင်းလျော့နည်းလာသည်။ Apple lithium-ion ဘက်ထရီများကို အားသွင်းမှုကြိမ်နှုန်းတွင် လုပ်ဆောင်စေပြီး ထုတ်ကုန်ပစ္စည်းပေါ် မူတည်၍ အားသွင်းမှုအရေအတွက်များအတွက် ဘက်ထရီအားကို မူလစွမ်းရည်၏ 80% ခန့်တွင် ထိန်းထားပါသည်။

အားအပြည့်သွင်းမှုတစ်ကြိမ်ဆိုသည် သင့်ဘက်ထရီ၏ စွမ်းဆောင်ရည်*၏ စုစုပေါင်း 100% ကို တစ်ထိုင်တည်း သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ သင် သုံးစွဲလိုက်သည့်အခါတွင် ဖြစ်လာပါသည်။ ဥပမာ၊ သင်သည် သင့်ဘက်ထရီစွမ်းဆောင်ရည်၏ 75% ကို တစ်ရက်တွင် သုံးလိုက်ပြီးနောက် ညဘက်တွင် အားအပြည့် ပြန်သွင်းလိုက်သည်။ နောက်တစ်ရက်တွင် သင်သည် ကျန်သည့် 25% ကို အသုံးပြုလိုက်လျှင် သင်သည် စုစုပေါင်း 100% ကို သုံးစွဲလိုက်ပြီဖြစ်ပြီး ထိုနှစ်ရက်တာကို အားအပြည့်သွင်းမှုတစ်ကြိမ်ဟု သတ်မှတ်သွားမှာဖြစ်ပါသည်။

အကြံပြုချက် တစ်နေ့လုံးတွင် ခဏတဖြုတ်အားသွင်းခြင်းသည် ဘက်ထရီကို မထိခိုက်စေပါ၊ ထို့အပြင် Optimized Battery Charging သို့မဟုတ် Charge Limit ကဲ့သို့ လုပ်ဆောင်ချက်များကို အသုံးပြုခြင်းသည် ဘက်ထရီသက်တမ်းကို ပို၍တိုးလာစေရန် အကူအညီပေးပါသည်။

အသုံးပြုခြင်းနှင့် ချိန်ညှိမှုများပေါ်မူတည်၍ ဘက်ထရီသက်တမ်းနှင့် အားသွင်းစက်ဝန်းများကွာခြားမည်။ သင့် ဘက်ထရီလုပ်ဆောင်ချက်နှင့်သက်တမ်းကိုအများဆုံးမြှင့်တင်ပုံကိုလေ့လာရန်၊ Apple အထောက်အကူပြုဆောင်းပါး iPhone ဘက်ထရီနှင့်လုပ်ဆောင်ချက် ကိုကြည့်ပါ။

Apple ကုမ္ပဏီ သို့မဟုတ် တရားဝင်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုတွင်သာ iPhone ဘက်ထရီကို လဲလှယ်အစားထိုးသင့်သည်။ ဘက်ထရီဝန်ဆောင်မှုနှင့် ပြန်လည်ပြုပြင်အသုံးချရေး ဝက်ဘ်ဆိုက် ကိုကြည့်ပါ။

*ပြီးပြည့်စုံသည့် အားတစ်ကြိမ်သွင်းခြင်းကို ဘက်ထရီမူလစွမ်းရည်၏ 80% နှင့် 100% ကြား ပုံမှန်ထားရှိပေးပြီး ထိုသို့လုပ်ရခြင်းမှာ အချိန်ကြာလာသည်နှင့်အမျှ ဘက်ထရီစွမ်းဆောင်ရည် လျော့နည်းလာမည်ကို ကြိုတင်တွက်ဆထားခြင်းကြောင့် ဖြစ်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.