iPhone တွင် Thermally Limited Charging ကိုနားလည်ခြင်း

သင်၏ iPhone သည် ပူသည့် အေးသည့် အခြေအနေမျိုးတွင် အားသွင်းခြင်းကို ကန့်သတ်၍ ဘက်ထရီကို ကာကွယ်ပါသည်။

အလွန်ပူသည့် သို့မဟုတ် အေးသည့်ပတ်ဝန်းကျင်တွင် သင်၏ iPhone ကို အားသွင်းခြင်းသည် စွမ်းဆောင်ရည်ကို ယာယီထိခိုက်နိုင်ပါသည်။ သင်၏ iPhone သည် ပူလွန်းခြင်း သို့မဟုတ် အေးလွန်းခြင်းဖြစ်လာသည့်အခါ iOS သည် အလိုအလျောက် အရှိန်လျှော့ပေးခြင်း သို့မဟုတ် အားသွင်းခြင်းကို ခေတ္တရပ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။ ၎င်းသည် သင်၏ ဘက်ထရီရေရှည်အခြေအနေကောင်းအောင် ထိန်းသိမ်းပေးပြီး ဘေးကင်းစွာလုပ်ဆောင်နိုင်စေပါသည်။

iPhone Battery ချိန်ညှိမှုထဲရှိ အားသွင်းမှုအချက်အလက်ဆိုင်ရာကတ်။ ထိုကတ်ထဲတွင် ဘက်ထရီအားသည် 95% ရှိပြီး "Charging on Hold: iPhone Temperature"ဆိုသည့် မက်ဆေ့ချ်ကိုပြထားသည်၊ အောက်ရှိ မှတ်စုတွင် iPhone အပူချိန်သည် ပုံမှန်အနေအထားသို့ပြန်ရောက်သည့်အခါ အားသွင်းခြင်းကိုပြန်စမည်ဟု ညွှန်ပြထားပါသည်။

“Charging On Hold ကဲ့သို့ မက်ဆေ့ချ်တစ်စောင်ကို သော့ပိတ်ထားသည့်ဖန်သားပြင်ပေါ်တွင် မြင်ရနိုင်ပါသည်။ iPhone သည် ပုံမှန်အပူချိန်သို့ ပြန်ရောက်သည့်အခါ အားသွင်းခြင်းကို ပြန်လည်စတင်ပါမည်။

မျှော်လင့်ထားရမည့်အရာ

  • အကယ်၍ သင်၏ iPhone သည် ပူလွန်းလာလျှင် အပူချိန်ပြန်ပြီးလျော့သွားသည်အထိ အားသွင်းခြင်းကို နှေးခြင်း သို့မဟုတ် ရပ်ခြင်းမျိုးဖြစ်သွားနိုင်သည်။

  • အလွန်အေးသည့် ပတ်ဝန်းကျင်မျိုးတွင် သင်၏ စက်ပစ္စည်းပြန်ပြီး ပူနွေးလာသည်အထိ အားသွင်းခြင်းသည် အရှိန်နှေးသွားခြင်း သို့မဟုတ် ယာယီအားသွင်းမရခြင်းများ ဖြစ်လာမည်။

  • ဘက်ထရီသည် ဘေးကင်းစိတ်ချရသည့် အပူချိန်အတွင်းသို့ ပြန်ရောက်လာလျှင် အားသွင်းခြင်းသည် အလိုအလျောက် ပြန်လည်စတင်မည်ဖြစ်သည်။

ထိုသို့ကာကွယ်ခြင်းများသည် အားသွင်းကြိုး၊ MagSafe Charger သို့မဟုတ် တခြားကြိုးမဲ့ အားသွင်းစက်များကို အသုံးပြုနေချိန်တွင် အသုံးပြုနိုင်သည်။

အပူချိန်လွန်ကဲလွန်းသည့် အခြေအနေများတွင် အားသွင်းမှုစွမ်းရည်ကို ထိန်းသိမ်းရန် အကြံပေးချက်များ

သင်၏ iPhone ကို အကောင်းဆုံးဆောင်ရွက်ချက်များဖြင့် ထိရောက်စွာ အားသွင်းနိုင်ရန် ကူညီပေးခြင်း၊

  • သင်၏ iPhone ကို အပူချိန် 32° နှင့် 95° F (0° နှင့် 35° C) ကြားရှိသည့် ပတ်ဝန်းကျင်များတွင် အားသွင်းပါ။

  • သင်၏ iPhone ကို နေရောင်တိုက်ရိုက်ကျခြင်း သို့မဟုတ် ပူပြင်းသည့်နေရာများ (နေသာသည့်နေ့တွင်ရှိသည့် ကားထဲတွင်ကဲ့သို့) တွင် ထားခဲ့ခြင်းမျိုးကို ရှောင်ကြဥ်ပါ။

  • အကယ်၍ သင်သည် အေးမြသည့်ရာသီဥတုတွင် ရှိနေပါက သင်၏ iPhone ကို အိမ်ထဲတွင် အားသွင်းခြင်း သို့မဟုတ် အားမသွင်းခင် တဖြည်းဖြည်းချင်း ပူနွေးလာအောင် ကြိုးစားပါ။

  • သင်၏ iPhone သည် အားသွင်းနေချိန်တွင် ပူလာလျှင် ဖုန်းကာဗာကို ဖယ်ရှားပါ။

မှတ်စု အပူချိန်ကိုအခြေပြုထားသည့် အကာအကွယ်များသည် အလိုအလျောက် အလုပ်လုပ်သောကြောင့် ပိတ်ထား၍ မရနိုင်ပါ။ ၎င်းတို့ကို iOS 16 သို့မဟုတ် နောက်ပိုင်းအမျိုးအစားများပါသည့် iPhone တွင်ရရှိနိုင်ပါသည်။

Morty Proxy This is a proxified and sanitized view of the page, visit original site.
အထောက်အကူဖြစ်ပါသလား။
စာလုံးရေအကန့်အသတ်- 250
အများဆုံး စာလုံးရေအကန့်အသတ်မှာ ၂၅၀ ဖြစ်ပါသည်။
သင်၏ အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်။
Morty Proxy This is a proxified and sanitized view of the page, visit original site.