Search form

ဘရောင်းတက္ကသိုလ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က Green card lottery (DV) အစီအစဉ်ကို ဆိုင်းငံ့

ဘရောင်းတက္ကသိုလ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်က Green card lottery (DV) အစီအစဉ်ကို ဆိုင်းငံ့
Published 20 December 2025

အမေရိကန်နိုင်ငံ ဘရောင်းတက္ကသိုလ်တွင် လူအစုလိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့က Green card lottery (DV) အစီအစဉ်ကို ဆိုင်းငံ့ သွားမည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

ဘရောင်းတက္ကသိုလ်တွင် ပစ်ခတ်ခဲ့ပြီးနောက် မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခတစ်ဦးက သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးသည် DV အစီအစဉ်ဖြင့် အမေရိကန်သို့ ရောက်ရှိလာသူဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်အစိုးရက DV အစီအစဉ်ကို ဆိုင်းငံ့မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဘရောင်းတက္ကသိုလ်တွင် ကျောင်းသားနှစ်ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရစေခဲ့သည့် ပစ်ခတ်မှုကျူးလွန်သူ သေနတ်သမားသည် အသက် ၄၈ နှစ်အရွယ် ကလော်ဒီယို နက်ဗက်စ် ဗလန်တီ (Claudio Neves Valente) ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုပြင် နက်ဗက်စ် ဗလန်တီသည် ဘရောင်းတက္ကသိုလ်တွင် ပစ်ခတ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်၏ ပါမောက္ခတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နက်ဗက်စ် ဗလန်တီသည် ၂၀၁၇ ခုနှစ်က DV အစီအစဉ်ဖြင့် အမေရိကန်ကို ရောက်ရှိလာခဲ့ပြီး Greem Card ရရှိခဲ့သူဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်က ဒီဇင်ဘာ ၁၈ ရက်တွင် လူမှုမီဒီယာ၌ရေးသားခဲ့သည်။

အမေရိကန်၏ DV အစီအစဉ်သည် တစ်နှစ်လျှင် လူ ၅၅၀၀၀ ခန့်ကို နေထိုင်ခွင့်ဗီဇာရရှိစေရန် ကံစမ်းမဲစနစ်ဖြင့် ရွေးချယ်သည့် အစီအစဉ်ဖြစ်သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် နက်ဗက်စ် ဗလန်တီကို လူနေတိုက်ခန်းတစ်ခုအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ၎င်းသည် မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီး နိုအမ်ကမူ နက်ဗက်စ်ဗလန်တီသည် အမေရိကန်နိုင်ငံအတွင်းသို့ လုံးဝ ဝင်ခွင့်မပြုသင့်သည့် အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"သမ္မတကြီးထရန့်ရဲ့ ညွှန်ကြားချက်အရ အခုလို ဒုက္ခရောက်စေတဲ့ အစီအစဉ်ကြောင့် အမေရိကန်နိုင်ငံသားတွေ ထပ်ပြီး မထိခိုက်ရစေဖို့အတွက် DV1 အစီအစဉ်ကို ဆိုင်းငံ့ဖို့ အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုရေးရာဌာန (USCIS) ကို ကျွန်မ ချက်ချင်းပဲ ညွှန်ကြားခဲ့ပါတယ်" ဟု နိုအမ်က ပြောကြားခဲ့သည်။

ထရန့်သည် ၎င်း၏ ပထမသက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ်ကတည်းက DV အစီအစဉ်ကို ဖျက်သိမ်းရေးအပါအဝင် လူဝင်မှုကို ထိန်းချုပ်ဟန့်တားည့် အစီအစဉ်များကို လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ပေါ်တူဂီနိုင်ငံခြားရေးဝန်ကြီး ပေါ်လို ရန်ဂျယ်ကမူ ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သံသယရှိသူသည် ပေါ်တူဂီနိုင်ငံသားဖြစ်နေကြောင်း သိရှိရသဖြင့် အလွန် တုန်လှုပ်ခြောက်ခြားမိကြောင်း ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent

(+959)965-171-408,969-500-511,861-808-4

(01) 400-528, 400-524

24-HOUR AUTOMATED SERVICE

online@weeklyeleven.com

        marketing@weeklyeleven.com

        elevendigitalmarketing@weeklyeleven.com

www.news-eleven.com

Morty Proxy This is a proxified and sanitized view of the page, visit original site.